တမူးမှာ ABSDF ၊ ကူကီးတပ်ဖွဲ့နှင့် PDF-CEU တို့ ပေါင်းပြီး စစ်အုပ်စုကို ကြားဖြတ် တိုက်ခိုက်၊ တိုက်ပွဲ အပြင်းအထန် ဖြစ်ပြီး စကစ (၁၅)ယောက် ထက်မနည်း ထိခိုက်သေဆုံးကာ ထွက်ပြေးသွား၊

တမူးမှာ ABSDF ၊ ကူကီးတပ်ဖွဲ့နှင့် PDF-CEU တို့ ပေါင်းပြီး စစ်အုပ်စုကို ကြားဖြတ် တိုက်ခိုက်၊ တိုက်ပွဲ အပြင်းအထန် ဖြစ်ပြီး စကစ (၁၅)ယောက် ထက်မနည်း ထိခိုက်သေဆုံးကာ ထွက်ပြေးသွား၊

MFP ၊ စက်တင်ဘာ - ၂၄

စစ်ကိုင်းတိုင်း တမူးမြို့နယ်ထဲ ရွာစဉ်ပတ်မွှေ လုယက်သောင်းကျန်းနေတဲ့ စစ်အုပ်စုကို ဒီနေ့လည်ပိုင်း ABSDF ကျောင်းသားတပ်မတော်၊ ကူကီး အမျိုးသားတပ်မတော် - KNA (Burma) နှင့် PDF – CEU တပ်ဖွဲ့တွေ ပူးပေါင်းပြီး ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စကစ (၁၅)ယောက်ထက်မနည်း ထိခိုက်သေဆုံးပြီး ကစဉ့်ကလျှား ဆုတ်ခွာ ထွက်ပြေး သွားတယ်လို့ PDF – CEU တပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

အိန္ဒိယ - မြန်မာ နယ်စပ်၊ တမူးမြို့နယ်၊ အောင်ဇေယျရွာဘက်ကနေ တမူးမြို့ဘက် ဝင်လာတဲ့ စစ်အုပ်စုကို ဒီနေ့ စက်တင်ဘာ(၂၄)ရက် နေပလည်(၂)နာရီက အထက်ပါ မဟာမိတ် သုံးဖွဲ့ ပူးပေါင်းပြီး ကြားဖြတ် တိုက်ခိုက်ခဲ့ရာ (၁၅)မိနစ်ခန့် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

“စစ်ကိုင်းတိုင်း၊ အနောက်မြောက်ဒေသ၊ အောင်ဇေယျရွာမှ တမူးသို့ စစ်ကြောင်း ပြန်ဆင်းလာသော တရားမဝင် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်ကို ABSDF နှင့် ပူးပေါင်း မဟာမိတ် KNA(Burma) နှင့် PDF-CEU တပ်ဖွဲ့များက တမူးမြို့ပြင် တနေရာတွင် ခြုံခိုတိုက်ခိုက်ရာ စစ်ခွေးတပ်များ အထိနာပြီး လဲကျနေသော စစ်ခွေး (၁၅) ကောင်ခန့်ကို ကားပေါ် ပစ်တင်ကာ ပျက်စီးသွားသော စစ်ကားတစ်စီးကိုလည်း ကြိုးတပ်ဆွဲ မောင်းပြီး ကစဉ်ကလျား ဆုတ်ခွာ ထွက်ပြေးသွားကြောင်း တိုက်ပွဲ သတင်း ထုတ်ပြန်အပ်ပါသည်။ အဆိုပါ တိုက်ပွဲမှာ(၁၅) မိနစ်ခန့် ကြာမြင့်ခဲ့ပြီး မိမိတို့ဘက်မှ တစ်ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပြီး အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်အပ်ပါသည်” လို့ PDF – CEU က ဖော်ပြပါတယ်။

ဒီနေ့လည်ပိုင်း တမူးမြို့ အထက်ဘက်မှာ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေပြီး ပစ်ခတ်သံတွေကြောင့် ဒေသခံတွေ အဲ့ဒီဘက်ကို အသွားအလာ မလုပ်ရဲကြဘူးလို့ တမူးဒေသခံတွေက ဆိုပါတယ်။

တမူးနယ်ထဲ စစ်အုပ်စုနှင့် ဒေသကာကွယ်ရေး တပ်တွေ မကြာခဏ တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

#MFP #MandalayFreePress #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #တမူး #ABSDF #KNA(Burma) #PDF_CEU 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ