တောင်သာနယ်က စကစ သတင်းပေး တစ်ဦးကို ရှင်းလင်းခဲ့ဟု The Value Of Young Men အဖွဲ့ ထုတ်ပြန်၊

တောင်သာနယ်က စကစ သတင်းပေး တစ်ဦးကို ရှင်းလင်းခဲ့ဟု The Value Of Young Men အဖွဲ့ ထုတ်ပြန်၊

MFP ၊ စက်တင်ဘာ - ၂၀

မန္တလေးတိုင်း တောင်သာမြို့နယ် ခြုံကြီး(အနောက်)ရွာက စစ်ကောင်စီ သတင်းပေးအဖြစ် လုပ်ကိုင်နေသူ တစ်ဦးကို ပစ်ခတ် ရှင်းလင်းခဲ့တယ်လို့ The Value Of Young Men (တောင်သာ) အဖွဲ့က ထုတ်ပြန်ပါတယ်။

စက်တင်ဘာ (၁၈) ရက် ညနေပိုင်း The Value Of Young Men (တောင်သာ)နှင့် မဟာမိတ်ဖြစ်တဲ့ MGN-35 တို့ ပူးပေါင်းပြီး ခြုံကြီးအနောက်ရွာက စစ်ကောင်စီ သတင်းပေး ဌေးလှိုင်ဆိုသူကို နေအိမ်အတွင်းဝင်ရောက် ပစ်ခတ် ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီ ဌေူလှိုင် ဆိုသူဟာ ရွာကို စိုးမိုးလိုစိတ်နဲ့ PDF တွေ ရွာထဲမှာ နေတယ်ဆိုပြီး စစ်အုပ်စုထံ ကိုးကြိမ်အထိ သွားရောက် တိုင်ကြားခဲ့ကြောင်း သက်သေတွေ ရရှိတဲ့အတွက် ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

တောင်သာနယ်ထဲမှာ ပြည်သူကို နစ်နာအောင်လုပ်တဲ့ စစ်ကောင်စီ သတင်းပေးတွေ မရှိစေဖို့နဲ့ အာဏာရှင် ထောက်တိုင်တွေ ချုပ်ငြိမ်းကာ ပြည်သူကို ပြည်သူကပဲ ပြန်လည် အုပ်ချုပ်ရမယ်လို့ MGN - 35 ပြောက်ကျား တပ်ဖွဲ့ကလည်း သတင်း ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ (၈)ရက်ကလည်း မြင်းခြံနယ် ကျောက်တန်းကျေးရွာက စစ်ကောင်စီခန့် အုပ်ကြီး စိန်သောင်းဆိုသူကို The Value Of Young Men(တောင်သာ)နှင့် မဟာမိတ်အဖွဲတွေက ပစ်ခတ် ရှင်းလင်းခဲ့ပါသေးတယ်။

တောင်သာ အပါအဝင် နွားထိုးကြီး၊ ငါန်းဇွန်နှင့် မြင်းခြံနယ်တကြောမှာ စစ်အုပ်စုနှင့် စစ်အုပ်စုက လက်သပ်မွေးထားတဲ့ ပျူတွေ ကြီးစိုးသောင်းကျန်းနေပြီး ဒေသခံပြည်သူတွေကို ဥပဒမေဲ့ ဖမ်းဆီး သ-တ်-ဖြတ် ငွေညှစ်တာတွေ ကျူးလွန်နေပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #တောင်သာ #စစ်ကောင်စီသတင်းပေး

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ