ပေါက်မြို့နယ် ရဲစခန်းက ရဲတပ်သားတစ်ဦး လက်နက်နှင့်အတူ CDM ဝင်၊ မြိုင် ပကဖ က ကျပ်သိန်း(၁၀၀)ချီးမြှင့်ပြီး လွတ်မြောက်နယ်မြေ ပို့ဆောင်ပေး၊

ပေါက်မြို့နယ် ရဲစခန်းက ရဲတပ်သားတစ်ဦး လက်နက်နှင့်အတူ CDM ဝင်၊ မြိုင် ပကဖ က ကျပ်သိန်း(၁၀၀)ချီးမြှင့်ပြီး လွတ်မြောက်နယ်မြေ ပို့ဆောင်ပေး၊

MFP ၊ စက်တင်ဘာ - ၁၃

မကွေးတိုင်း ပေါက်မြို့နယ် ရဲစခန်းက ရဲတပ်သား တစ်ဦး လက်နက်နှင့်အတူ CDM ဝင်ရောက်လာတဲ့အတွက် ကျပ်သိန်း(၁၀၀)ချီးမြှင့်ကာ လွတ်မြောက်နယ်မြေ ပိုကဆောင်ပေးခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်မတော် - မြိုင် ပကဖ က သတင်းထုတ်ပြန်ပါတယ်။

ဒီနေ့ စက်တင်ဘာ(၁၃)ရက်မှာ ပေါက်မြို့နယ် ရဲစခန်းက ရဲတပ်သားတစ်ဦးဟာ မြိုင်ပကဖ ထံ ဆက်သွယ်ပြီး (G-3)သေနတ် တစ်လက်၊ ကျည်ဘောက် နှစ်ခု၊ လက်ထိပ် တစ်စုံ၊ ကျည်(၁၃၂)တောင့်နဲ့အတူ CDM ပါဝင်လာတာလို့ ဆိုပါတယ်။

“ပြည်သူနှင့် ပူးပေါင်းလာပါသဖြင့် သိန်း(၁၀၀)ဆုချီးမြင့်ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ထားပါသည်။ ကျန်ရှိ ရဲ/စစ်သားများ အနေဖြင့် အမြင်မှန်ရကာ ပြည်သူနှင့် ပူးပေါင်းပြီး CDM လုပ်စေလိုကြောင်း သတိပေး တိုက်တွန်းလိုပါသည်” လို့ မြိုင် ပကဖ က ဖော်ပြပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်း စစ်အုပ်စုလက်အောက်က ရုန်းထွက်ကာ CDM လုပ်တဲ့ ရဲနှင့် စစ်သား စုစုပေါင်း တသ်သောင်းကျော် ရှိပြီလို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က ယခုနှစ်ဆန်းပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မကွေး #ပေါက် #မြိုင် #ပကဖ #CDM

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ