ဟမ်မူရာဘီ စစ်ဆင်ရေးအဖြစ် စစ်ကိုင်းမြို့ ထွေအုပ်ရုံးနှင့် စည်ပင်ရုံးကို ဗုံးခွဲ၊ စကစတွေ အသေအပျောက် ရှိနိုင်ပြီး ကိုဓ ဥပဒေအတိုင်း ပြင်းထန်တဲ့ စစ်ဆင်ရေးတွေ ဆက်လုပ်မယ်လို့ သတိပေး၊

ဟမ်မူရာဘီ စစ်ဆင်ရေးအဖြစ် စစ်ကိုင်းမြို့ ထွေအုပ်ရုံးနှင့် စည်ပင်ရုံးကို ဗုံးခွဲ၊ စကစတွေ အသေအပျောက် ရှိနိုင်ပြီး ကိုဓ ဥပဒေအတိုင်း ပြင်းထန်တဲ့ စစ်ဆင်ရေးတွေ ဆက်လုပ်မယ်လို့ သတိပေး၊

MFP ၊ သြဂုတ် - ၁

စစ်အုပ်စုက ဖမ်းဆီးသတ်ဖြတ်လိုက်တဲ့ ကိုဂျင်မီတို့ လေးဦး အပါအဝင် နွေဦးတော်လှန်ရေး ကျဆုံး သူရဲကောင်းတွေအတွက် သွေးကြွေးဆပ်တဲ့ ဟမ်မူရာဘီ စစ်ဆင်ရေးအဖြစ် ဒီနေ့ နေ့လည်ပိုင်းက စစ်ကိုင်းမြို့ပေါ်က ထွေအုပ်ရုံးနှင့် စည်ပင်ရုံးတွေကို ဗုံးထု ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စကစ လေးယောက်ခန့် သေတယ်လို့ people's Dictatorship Revolutionary Force – PDRF အဖွဲ့ က သတင်း ထုတ်ပြန်ပါတယ်။

May be an image of 3 people, people standing, fire and outdoors

ဒီနေ့ သြဂုတ်(၁)ရက် နေ့လည်(၂)နာရီကျော်က စစ်ကိုင်းမြို၊ ပိုးတန်းရပ်ကွက်မှာ ရှိတဲ့ အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ ဝန်ထမ်းတွေ ရုံးတက်နေတဲ့ စစ်ကိုင်းမြို့နယ် ထွေအုပ်ရုံးနှင့် စည်ပင်ရုံးကို people's Dictatorship Revolutionary Force - PDRF အဖွဲ့နှင့် မဟာမိတ် Doung Ni Defence Force (DNDF-Wetlet) အဖွဲ့တို့ ပူးပေါင်းပြီး ဗုံးဖောက်ခွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ဟာမူရာဘီ စစ်ဆင်ရေးအဖြစ် စစ်ကိုင်းမြို့နယ် ထွေအုပ်ရုံးနှင့် စည်ပင်ရုံးအား ဗုံးခွဲ တိုက်ခိုက်ခဲ့ပါသည်။ ထွေအုပ်ရုံးရှိ စကစ အလိုကျ ခွေး လေးကောင်ခန့် သေဆုံးပြီး ကားနှစ်စီး မီးလောင်ပျက်စီးသည်ဟု သတင်း ရရှိပါသည်။ စည်ပင်ရုံးမှ ထိခိုက်ပျက်စီးမှုကို မသိရသေးပါ။ ကျနော်တို့ ရဲဘော်များအားလုံး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါသည်။ စကစ အလိုကျ ခွေးများကို နောက်နောင် ကိုဓ ဥပဒေဖြင့်သာ ပိုမိုပြင်းထန်သော စစ်ဆင်ရေးများ ပြုလုပ်မည် ဖြစ်ကြောင်း သတိပေးလိုက်သည်” လို့ PDRF က ဖော်ပြပါတယ်။

May be an image of outdoors

အဲ့ဒီ ဖြစ်စဉ်နှင့်ပတ်သက်ပြီး စစ်အုပ်စုဘက်က သတင်းဖြန့်ရာမှာတော့ ဒိနေ့ နေ့လည်(၂)နာရီက စစ်ကိုင်းမြို၊ ပိုးတန်းရပ်ကွက်မှာ ရှိတဲ့ မြို့နယ်ထွေအုပ်ရုံးနှင့် မြိုနယ်စည်ပင်ရုံးကို PDF တွေ ဆိုင်ကယ်တွေနဲ့ လာရောက်ပြီး လက်လုပ်လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်ဖောက်ခွဲမှုကြောင့် ကားဂိုထောင်အတွင်း ရပ်ထာတဲ့ ကားနှစ်စီး မီးလောင်ပျက်စီးပြီး လူထိခိုက်တာ မရှိဘူးလို့ ဆိုပါတယ်။

စစ်ကိုင်းမြို့ ထွေအုပ်ရုံးထဲ ဗုံးခွဲ တိုက်ခိုက်ခံရပြီး ကားတွေ မီးလောင်နေစဉ်/Photo – S

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှုနိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မကွေး #ထွေအုပ်ရုံး #DNDF #PDRF #ဗုံး #စည်ပင်ရုံး

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ