LGBT Alliance Myanmar တည်ထောင်ခြင်းတစ်နှစ်ပြည့်အဖြစ် စစ်အာဏာရှင်ကို ဆန္ဒပြ

LGBT Alliance Myanmar တည်ထောင်ခြင်းတစ်နှစ်ပြည့်အဖြစ် စစ်အာဏာရှင်ကို ဆန္ဒပြ

MFP ၊ စက်တင်ဘာ - ၁

Photos - AungKhantZaw

စစ်အာဏာရှင်ဆန့်ကျင်ရေး မြေပြင်သပိတ်လှုပ်ရှားမှုမှာ ရှေ့တန်းက ပါဝင်နေတဲ့ LGBT Alliance Myanmar တည်ထောင်ခြင်း တစ်နှစ်ပြည့်မြောက် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

လာမယ့် စက်တင်ဘာလ (၃)ရက်နေ့မှာ တစ်နှစ်ပြည့်မှာ ဖြစ်ပါတယ်။

လိင်စိတ်ခံယူမှုကွဲပြားပေမယ့် အာဏာရှင်တော်လှန်တဲ့နေရာမှာ အခန်းကဏ္ဍတစ်ခုကနေ LGBT တွေဟာ ပါဝင်တော်လှန်နေဆဲဖြစ်ပြီး ဒီတော်လှန်ရေးဟာ ယောက်ကျား၊ မိန်းမ၊ LGBTမခွဲခြားဘဲ စည်းလုံးညီညွတ်စွာ ပါဝင်မှသာလျှင် အမြန်ဆုံးအောင်မြင်မှာဖြစ်တယ်လို့ LGBT Alliance Myanmar က ကိုဂျက်စတင်မင်းဟိန်းက ပြောပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် #LGBTAllianceMyanmar

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ