မန္တလေး ပြည်ကြီးတံခွန် (ဇ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးထုခံရ

မန္တလေး ပြည်ကြီးတံခွန် (ဇ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးထုခံရ

MFP ၊ စက်တင်ဘာ - ၂

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် (ဇ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဒီနေ့ မွန်းလွဲပိုင်းမှာ ဗုံးထုခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

၁၃၃(စံပြ)လမ်းနဲ့ ၅၆ လမ်းထောင့်မှာရှိတဲ့ (ဇ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဆိုင်ကယ်စီး အမျိုးသားနှစ်ဦးက ဗုံးထုတိုက်ခိုက်ခဲ့တာဖြစ်ပြီး ရုံးဝင်းထဲက ရေကန်ဘေးမှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ စစ်အုပ်စုဘက်က ထုတ်ပြန်ပါတယ်။

လူနဲ့ အဆောက်အဦ ထိခိုက်မှုမရှိဘူးလို့ သိရပြီး ဘယ်သူတွေက ဗုံးထုသွားတာလဲဆိုတာ မသိရသေးပါဘူး။

(ဇ)ရပ်ကွက်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကလည်း ဗုံးထုတိုက်ခိုက်ခံခဲ့ရပြီး ဒီဇင်ဘာလအတွင်းမှာတော့ (ဇ)ရပ်ကွက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးစိုးငြိမ်းဟာ ရှမ်းခေါက်ဆွဲစားနေချိန် သေနတ်ပစ်ခံရပြီး ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။

ဗုံးထုခံရတဲ့ (ဇ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး(ပုံဟောင်း)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ပြည်ကြီးတံခွန် #ဇရပ်ကွက် #အုပ်ချုပ်ရေးမှူးရုံး #ဗုံးထုခံရ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ