မိုးကုတ်မြို့မှာ ဒီမနက်ပိုင်း တိုက်ပွဲဖြစ်၊

မိုးကုတ်မြို့မှာ ဒီမနက်ပိုင်း တိုက်ပွဲဖြစ်၊

MFP ၊ သြဂုတ် - ၂၉

မန္တလေးတိုင်း မိုးကုတ်မြို့မှာ ဒီနေ့ သြဂုတ်(၂၉)ရက် မနက်(၈)နာရီက စစ်အုပ်စုနှင့် ဒေသကာကွယ်ရေး တပ်တွေ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိပါတယ်။

မိုးကုတ်မြို့နယ် လောင်းစဉ်‌၊ ရေဝေ စတဲ့ ရွာဘက်မှာ ပြည်သူ့လွတ်မြောက်ရေးတပ် - PLA ၊ PDF မိုးကုတ်ဗျူဟာ တပ်ဖွဲ့တွေနှင့် စစ်အုပ်စုကြား တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

ပစ်ခတ်သံတချို့ ကြားနေရဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပြီး အသေးစိတ် အခြေအနေတွေကိုတော့ MFP အနေနဲ့ မသိရသေးပါဘူး။

“မိုးကုတ်မြို့ပြင်နားလေးမှာ အသံတွေ ကြားလိုက်ကြမယ် ထင်ပါတယ်ဗျ။ မကြာခင်မှာ ထုတ်ပြန်ချက်ကို ထုတ်ပြန်ပေးပါ့မယ်ဗျ” လို့ Red Wolves Of Mogok က ဖော်ပြပါတယ်။

မိုးကုတ်နယ်ထဲ စစ်အုပ်စုရဲ့ လှုပ်ရှားမှုတွေကို ဖေ့စ်ဘွတ်ခ် မက်ဆင်ဂျာကနေ သတင်းပေးကြဖို့လည်း Red Wolves Of Mogok က မြို့ခံတွေကို အကူအညီ တောင်းထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်(၃)ရက်ကလည်း မိုးကုတ်နှင့် မိုးမိတ်မြို့နယ်အစပ်၊ မိုးမိတ်မြို့အဝင်နားက အကြမ်းဖက် စစ်အုပ်စုရဲ့ ခမရ (၃၄၈)တပ်ရင်းကို ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ပါသေးတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မိုးကုတ် #PLA #RedWolvesofMogok 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ