MFP ၊ ဩဂုတ် - ၂၃
မန္တလေးတိုင်း တောင်သာမြို့မှာ စစ်အုပ်စုက ခရီးသွားတွေကို စစ်ဆေးပြီး ငွေညှစ်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မြို့ပေါ် မြောက်ဇရပ်အနီးမှာ လက်နက်ကိုင်အုပ်စုဖွဲ့ စစ်ဆေးနေတာဖြစ်ပြီး မော်တော်ယာဉ် လိုင်စင်အနီတွေဆိုရင် ငွေပိုညှစ်တယ်လို့ ဆိုပါတယ်။
ကား၊ ဆိုင်ကယ် အကုန်လုံးကို စစ်ဆေးနေတာဖြစ်ပြီး ဆိုင်ကယ်စီးဦးထုပ်၊ Mask စတာတွေကိုပါ စစ်ဆေးပြီး မပြည့်စုံသူတွေကို ငွေကျပ် သုံးသောင်းကနေ ခြောက်သောင်းအထိ တောင်းတယ်လို့ ဒေသခံတွေက လူမှုကွန်ရက်မှာ ရေးသားထားကြပါတယ်။
ယာဉ်လိုင်စင်၊ ဦးထုပ်၊ ယာဉ်မောင်းလိုင်စင်၊ Mask၊ ကိုဗစ်ထိုးပြီး ထောက်ခံစာ စတာတွေ မပါရင် ငွေတောင်းနေတာ ဖြစ်တယ်လို့ လူထုလှုပ်ရှားမှုကော်မတီ တောင်သာကလည်း ဖော်ပြထားပါတယ်။
စစ်အုပ်စုဟာ မန္တလေးမြို့ပေါ်အပါအဝင် မြို့နယ်အသီးသီးမှာ လက်နက်ကိုင် အုပ်စုဖွဲ့စစ်ဆေး ငွေညှစ်နေတာတွေ လုပ်ဆောင်နေပြီး စစ်ဆေးမခံတဲ့သူတွေကို ပစ်ခတ်လို့ သေဆုံးတဲ့ဖြစ်စဉ်တွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
ပုံစာ၊ မန္တလေးမြို့ပေါ်မှာ လမ်းသွားပြည်သူတွေကို ဖမ်းဆီးငွေညှစ်နေတဲ့ စစ်အုပ်စု/ ဓာတ်ပုံ - CJ
( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #တောင်သာ #အုပ်စုဖွဲ့ငွေညှစ် #လမ်းသွားလမ်းလာ #ပိုက်ဆံတောင်း
တောင်သာမှာ စစ်အုပ်စုက ခရီးသွားတွေကို စစ်ဆေးပြီး ငွေညှစ်နေ၊ အချက်အလက် မပြည့်စုံသူတွေကို ကျပ်ခြောက်သောင်းအထိ တောင်းဟုဆို
Featured
သြဂုတ်လ 25, 2024
သြဂုတ်လ 17, 2024
ဇွန်လ 23, 2024