နွားထိုးကြီးမှာ စစ်ကြောင်းကို ဓားနဲ့ ထွက်ခုတ် လို့ဆိုပြီး စစ်အုပ်စုက ဒေသခံတစ်ဦးကို ပစ်သတ်၊

နွားထိုးကြီးမှာ စစ်ကြောင်းကို ဓားနဲ့ ထွက်ခုတ် လို့ဆိုပြီး စစ်အုပ်စုက ဒေသခံတစ်ဦးကို ပစ်သတ်၊

MFP ၊ အောက်တိုဘာ - ၂၀

မန္တလေးတိုင်း မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ လက်ဝဲမြင်းနီရွာမှာ နေအိမ်ရှေ့ရောက်လာတဲ့ စစ်ကြောင်းကို ဓားနဲ့ ထွက်ခုတ်တဲ့အတွက် ဆိုပြီး စစ်အုပ်စုက ဒေသခံအမျိုးသား ကိုထွန်းထွန်း ကို သူ့ရဲ့ အိမ်ရှေ့မှာပဲ ပစ်သတ်ခဲ့တယ်လို့ စစ်လော်ဘီတွေက သတင်းဖြန့်ပါတယ်။

ဒီနေ့ အောက်တိုဘာ(၂၀)ရက် နေ့လည်(၁၂)နာရီခွဲမှာ စစ်အုပ်စုက နွားထိုါ်ာကီးမြိုကနယ်၊ မြင်းနီကျေးရွာက ကိုထွန်းထွန်း ကို စစ်ကြောင်းကို ဓားနဲ့ လိုက်ခုတ်တဲ့အတွက် ဆိုပြီး ပစ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

"လုံခြုံရေး စစ်ကြောင်းသည် မြင်းနီရွာ အရှေ့ဘက်အထွက် ထွန်းထွန်း၏ နေအိမ်ကို ရှာဖွေ စစ်ဆေးရန် အိမ်ရှေ့ရောက်စဉ် ထွန်းထွန်းက လုံခြုံရေးစစ်ကြောင်းမှ တပ်ဖွဲ့ဝင် တစ်ဦးကို ဓားဖြင့်ထွက်ခုတ်သဖြင့် အဆိုပါ တပ်ဖွဲ့ဝင်တွင် လက်ပြတ်ရှ ဒဏ်ရာများရပြီး သေနတ်ဖြင့် ပြန်လည် ပစ်ခတ်ဖမ်းဆီးရာ ထွန်းထွန်းကို အသေဖမ်းမိကြောင်းသိရသည်" လို့ စစ်လော်ဘီတွေက သတင်းဖြန့်ပါတယ်။

အဲ့ဒီ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အတိအကျ မသိရသေးပေမယ့် စစ်အုပ်စုကို ဓားနဲ့ ထွက်ခုတ်တယ်ဆိုတာ မဖြစ်နိုင်ဘဲ စစ်အုပ်စုက အိမ်ထဲ ဝင်မွှေလုယက် ဓားပြတိုက်ပြီး အိမ်ရှင်ကို သတ်ဖြတ်သွားတာ ဖြစ်နိုင်တယ်လို့ ဒေသခံတချို့က သုံးသပ်ပါတယ်။

နွားထိုးကြီးနယ်ထဲ စစ်အုပ်စုနဲ့ ပျူတွေ ကြီးစိုးသောင်းကျန်းနေပြီး စစ်အုပ်စုက ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ ဓားပြတိုက်၊ တန်ဘိုးကြီးပစ္စည်း မိုက်ကြေးခွဲ လုယူတာတွေ လုပ်ဆောင်နေတာ ကြာပြီလို့ ဒေသခံတွေက ပြောပါတယ်။

နွားထိုးကြီးမြိုကနယ် မြင်းနီရွာက အိမ်ရှင် အမျိုးသား ကိုထွန်းထွန်းကို စစ်အုပ်စုက သတ်ဖြတ်ခဲ့တာနဲ့ ပတ်သက်ပြီး MFP အနေနဲ့ အသေးစိတ် အခြေအနေတွေကိုတော့ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၁၇က ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ရိုဟင်ဂျာ၊ ဘင်္ဂါလီ အရေးမှာလည်း အမျိုးသားတွေက စစ်အုပ်စုကို ဓားနဲ့ ထွက်ခုတ်လို့ ပစ်သတ်ခဲ့ရတယ်ဆိုတဲ့ ထုတ်ပြန်ချက်တွေ စစ်အုပ်စုက ထုတ်ပြန်ခဲ့ဖူးပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #နွားထိုးကြီး #လက်ဝဲမြင်းနီ #အိမ်ရှင်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ