စစ်ကိုင်း အရာတော်နယ်ထဲ မွှေနေတဲ့ စစ်အုပ်စုကို တောကျီးကန်း စစ်ဆင်ရေးအဖြစ် ပြောက်ကျားတိုက်ခိုက်၊ စကစ (၁၇)ယောက် ဇီဝိန်ချုပ်ဟုဆို

စစ်ကိုင်း အရာတော်နယ်ထဲ မွှေနေတဲ့ စစ်အုပ်စုကို တောကျီးကန်း စစ်ဆင်ရေးအဖြစ် ပြောက်ကျားတိုက်ခိုက်၊ စကစ (၁၇)ယောက် ဇီဝိန်ချုပ်ဟုဆို

MFP ၊ ဩဂုတ် - ၅

စစ်ကိုင်းတိုင်းထဲက မြင်းမူမြို့နယ်နဲ့ အရာတော်မြို့နယ်အစပ်မှာ စစ်အုပ်စုကို တောကျီးကန်းစစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့တယ်လို့ ZERO ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဩဂုတ်လ (၄)ရက် မနက် (၁၀)နာရီခွဲခန့်မှာ ကျေးရွာတွေက ပစ္စည်းတွေယူဆောင်ပြီး ခြင်းကြားတွေနဲ့ ထမ်းပိုးသယ်ဆောင်လာတဲ့ စကစ (၆၄)ဦးပါ စစ်အုပ်စုဟာ ရွာသာရွာနဲ့ မင်းရွာတို့ကြားမှာ ရောက်လာချိန် ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)ရဲ့ တောကျီးကန်း (၇)ကောင်က ပေ (၁၅၀)အကွာကနေ ကြားဖြတ် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီ စကစ(၁၇)ယောက်ဟာ လယ်ကွင်းပြင်မှာပဲ ဇီဝိန်ချုပ်ခဲ့တယ်လို့ ZERO တပ်ဖွဲ့က အသိပေးပါတယ်။

ရန်သူဘက်က လက်နက်ကြီး လက်နက်ငယ်တွေ ပစ်ခတ်ပြီး လေယာဉ်ပစ်ကူရောက်ရှိလာပေမယ့် တောကျီးကန်းလေးတွေ ထိခိုက်မှုမရှိဘဲ ပြန်ထွက်ခွါလာနိုင်ခဲ့တယ်လို့လည်း ထပ်မံ ပြောဆိုထားပါတယ်။

ဓာတ်ပုံ၊ ZERO ပြောက်ကျားတပ်ဖွဲ့ရဲ့ လက်ရွေးစင်ရဲဘော်ခုနစ်ယောက်/

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #တောကျီးကန်းစစ်ဆင်ရေး #ZEROပြောက်ကျားတပ်ဖွဲ့

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ