မန္တလေး UG အဖွဲ့ Black Wolf (MDY)ရဲ့ နှုတ်ခမ်းနီ(၁၀၀၀)ကမ်ပိန်း သတ်မှတ်ရက်အတွင်း မပြည့်မီလို့ ရက်ထပ်တိုး၊

မန္တလေး UG အဖွဲ့ Black Wolf (MDY)ရဲ့ နှုတ်ခမ်းနီ(၁၀၀၀)ကမ်ပိန်း သတ်မှတ်ရက်အတွင်း မပြည့်မီလို့ ရက်ထပ်တိုး၊

MFP ၊ စက်တင်ဘာ - ၈

ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး တိုက်ပွဲဝင်နေတဲ့ မန္တလေးမြို့ပြ ပြောက်ကျားအဖွဲ့တွေထဲက တစ်ဖွဲ့ဖြစ်တဲ့ Black Wolf PDF (MDY)ရဲ့ နှုတ်ခမ်းနီ(၁၀၀၀) ကမ်ပိန်းဟာ သတ်မှတ်ရက်အတွင်း မပြည့်မီတဲ့အတွက် ရက် ထပ်တိုးထားရတယ်လို့ အဖွဲ့တာဝန်ခံ ဗိုလ်သမိုင်းက ပြောပါတယ်။

ဩဂုတ်(၂၉)ရက်ကနေ စက်တင်ဘာ(၇) ရက်အထိ ပြုလုပ်ခဲ့တဲ့ နှုတ်ခမ်းနီ(၁၀၀၀) ကမ်ပိန်းမှာ ကျည်တစ်တောင့်ကို ကျပ်(၇၀၀၀)နှုန်းနဲ့ အလှူငွေ ကျပ်သိန်း (၇၀) ရရှိဖို့ မျှော်မှန်းခဲ့ပေမယ့် လက်ရှိမှာ အလှူငွေ သိန်း(၄၀)ကျော်သာ ရရှိသေးတာကြောင့် အများပြည်သူ အနေနဲ့ ဆက်လက်ထောက်ပံ့ ကူညီပေးကြဖို့ Black Wolf PDF-MDY က မေတ္တာရပ်ခံထားပါတယ်။

“ပြည်သူတွေ ပင်ပန်းနေကြတာ ကျွန်တော်တို့ သိပါတယ်၊ အောင်ပွဲရတဲ့အထိ သွားမှာမို့ မုန့်ဖိုးလေးတွေ လျော့ပြီး နှုတ်ခမ်းနီ ဝယ်ဖို့ ပါဝင်ပေးကြပါဦးလို့ ပြောပါရစေ၊ ဒီပွဲက နိုင်မှာ၊ မကြာဖို့ဘဲ မြန်မြန်ဝင်ကူကြပါ “ လို့ ဗိုလ်သမိုင်းက ပြောပါတယ်။

Black Wolk People Defence Force - MDY ဟာ MDY-PDF ခရိုင်တပ်ရင်း (၃)၊ တပ်ခွဲ (၃) ဖြစ်ပြီး ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး မဟာမိတ် ညီနောင်အဖွဲ့တွေနဲ့ ပူးပေါင်းကာ ရှေ့တန်းမှာ တိုက်ပွဲဝင်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက မကွေးတိုင်း ရေစကြိုမြို့မှာ စစ်အုပ်စုရဲ့ ပျူအဖွဲ့ကို သု-တ်-သ-င်ရှင်းခဲ့ရာမှာ Black Wolf PDF-MDY အဖွဲ့လည်း မဟာမိတ်အဖွဲ့တွေနဲ့အတူ ပူးပေါင်းပါဝင်ခဲ့ပြီး အဲ့ဒီ တိုက်ခိုက်မှုမှာ စကစ ပျူ ငါးယောက် သေပြီး လက်နက်တွေလည်း ရရှိခဲ့ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #နှုတ်ခမ်းနီတစ်ထောင်ကမ်ပိန်း 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ