ရေစကြိုမှာ စကစနဲ့ ပျူ ငါးယောက်ကို သု-တ်-သင်၊ သေနတ် ငါးလက် ရရှိ၊

ရေစကြိုမှာ စကစနဲ့ ပျူ ငါးယောက်ကို သု-တ်-သင်၊ သေနတ် ငါးလက် ရရှိ၊

MFP၊ သြဂုတ် - ၃၁

မကွေးတိုင်း ရေစကြိုမြို့မှာ လက်နက်ပြပြီး ဈေးသည်တွေကို မိုက်ကြေးခွဲ ဆက်ကြေးကောင်နေတဲ့ ပျူငါးယောက်ကို သု-တ်-သင်ရှင်းလင်းခဲ့ပြီး သေနတ် ငါးလက် သိမ်းယူ ရရှိခဲ့တယ်လို့ ဖီးနစ် အထူးပြောက်ကျားတပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

သြဂုတ်(၂၉)ရက် မနက်(၇)နာရီခွဲက ရေစကြိုမြို့၊ အမှတ်(၈) ရပ်ကွက်၊ ဘောလုံးကွင်း ပျံကျဈေးအနီးမှာ ဈေးကောက်ကောက်ဖို့ ကင်းပတ်လာတဲ့ ပျူခေါင်းဆောင် ထွန်းအောင်ကျော် အပါအဝင် စကစနှင့် ပျူငါးယောက်ကို မြို့ပြစစ်ဆင်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က သု-ုတ်-သင်ရှင်းလင်းခဲ့ရာ ငါးယောက်လုံး သေတယ်လို့ ဆိုပါတယ်။

“ဘောလုံးကွင်းပျံကျဈေးအနီးတွင် ဈေးကောက်ကောက်ကာ ကင်းပတ်လာသော ပျူခေါင်းဆောင် ထွန်းအောင်ကျော် အပါအဝင် စခ၊ ပခ ငါးကောင်ကို မိမိတို့ မြို့ပြစစ်ဆင်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ မှ သု-တ်-သင်ရှင်းလင်းခဲ့ပြီး ငါးကောင်စလုံးကို အဝီဇိသို့ စက္ကန့်ပိုင်းအတွင်း အရောက်ပို့ဆောင်ပေးခဲ့ကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ပါသည်။ သိမ်းဆည်းရရှိသော လက်နက်များမှာ MA 4 တစ်လက်၊ MA 1 တစ်လက်၊ AK-47 တစ်လက်၊ ကာဘိုင် နှစ်လက် နှင့်အတူ MA ကျည်ဘောက် ငါးခု၊ (၄၀ မမ) ဗုံးသီး လေးလုံး၊ အီနာဂါ ငါးလုံး ၊ လက်ပစ်ဗုံးတစ်လုံး၊ ဖုန်း နှစ်လုံး သိမ်းဆည်းရရှိခဲ့ပါသည်” လို့ ဖီးနစ် အထူးပြောက်ကျားတပ်ဖွဲ့က ဖော်ပြပါတယ်။

အဲ့ဒီ ပစ်ခတ်မှု ဖြစ်စဉ်မှာ စစ်အုပ်စုနှင့် ပျူတွေက ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် အိတ်ထဲ ထည့်ထားတဲ့ ကျည်ဘောက်ကို ထိမှန်ပြီး ကံကောင်းထောက်မစွာ ထိခိုက်မှု မရှိခဲ့ဘဲ ပြည်သူ့ ရဲဘော်တွေ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စကစနဲ့ ပျူတွေ သု-တ်-သင်ခံရပြီးနောက်ပိုင်း စစ်အုပ်စုက ရေစကြိုမြို့ပေါ် အပါအဝင် ရေစကြိုနယ်ထဲ အင်အားအများအပြားနဲ့ ပိတ်ဆို့စစ်ဆေးတာတွေ လုပ်နေပြီး ဒေသခံ ပြည်သူ သုံးဦးကို သ-တ-်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်ထိ စစ်အုပ်စုက သောင်းကျန်းနေဆဲဖြစ်လို့ ဒေသခံပြည်သူတွေ စစ်အုပ်စုနှင့် အဝေးမှာ နေကြဖို့လည်း ရေစကြို ဒေသ ကာကွယ်ရေးတပ်တွေက သတိပေးထားပါတယ်။

စကစနှင့် ပျူ ငါးယောက်ကို သု-တ်-သင်နိုင်ခဲ့တဲ့ ပူပေါင်းမြို့ပြ အထူးစစ်ဆင်ရေးကို Phoenix အထူးပြောက်ကျားတပ်ဖွဲ့၊ ဒေါင်းညီနောင် PDF၊ Black Wolf People’s Defense Force (MDY)နှင့် People's Defense Force – Mandalay တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

ပျူတွေ သု-တ်-သင် ရှင်းလင်းခံရပြီးနောက် စစ်အုပ်စုက ယာယီဈေးထဲက ဈေးဆိုင်တန်းနဲ့ ကုန်ပစ္စည်းတွေကို လုယက်ကာ မီးရှိဖျက်ဆီးခဲ့တဲ့အပြင် ရေစကြိုနယ်က အသက်(၁၇)နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး အပါအဝင် ဒေသခံ ပြည်သူ သုံးဦးကို သတ်ဖြတ်ခဲ့ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မကွေး #ရေစကြို

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ