MFP ၊ နိုဝင်ဘာ - ၁
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး - မကဒတ (ကျောင်းသားတပ်မတော်) ဖွဲ့စည်းတည်ထောင်ခြင်း (၃၄)နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို ဒီနေ့ နိုဝင်ဘာ(၁)ရက် မနက်ပိုင်းက ဒေါင်းမင်းစခန်းမှာ ကျင်းပခဲ့တယ်လို့ မကဒတ က သတင်း ထုတ်ပြန်ပါတယ်။
၁၉၈၈ လူထု အရေးတော်ပုံကြီးက ပေါ်ထွက်လာတဲ့တဲ့ ကျောင်းသားတပ်မတော် - မကဒတ ဟာ ဒီနေ့ နိုဝင်ဘာ(၁)ရက်မှာ ဖွဲ့စည်းတည်ထောင်ခြင်း (၃၄)နှစ်ပြည့် မြောက်ပြီ ဖြစ်ပြီး တော်လှန်ရေးကာလအတွင်း မကဒတ ရဲဘော် (၇၆၄)ဦး ကျဆုံးခဲ့ကာ (၄၀၁)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ မကဒတ - ကျောင်းသားတပ်မတော်ကို မျိုးဆက်သစ် ရဲဘော်တွေနဲ့ လေ့ကျင့်မှု၊ စုဖွဲ့မှုတွေ လုပ်ဆောင်ပြီး မဟာမိတ်တွေနဲ့ ပူးပေါင်းကာ နွေဦးတော်လှန်ရေးမှာ ဆက်လက် တိုက်ပွဲဝင်နေတယ်လို့လည်း မကဒတ က ထုတ်ပြန်ပါတယ်။
"လူမျိုးပေါင်းစုံ တော်လှန်ရေးမှသည် ဖက်ဒရယ် ဒီမိုကရက်တစ် ပြည်ထောင်စု မုချ ပေါ်ထွန်းစေရမည်" လို့ မကဒက က ဖော်ပြပါတယ်။
မကဒတ ရဲ့ (၃၄)နှစ်ပြည့် နှစ်ပါတ်လည်နေ့ကို အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) အပါအဝင် နိုင်ငံရေးပါတီတွေ၊ တော်လှန်ရေးတပ်ဖွဲ့တွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ၊ သပိတ်ကော်မတီတွေကကလည်း ဂုဏ်ပြု သဝဏ်လွှာတွေ ပေးပို့ခဲ့ပါတယ်။
ဒေါင်းမင်းစခန်းမှာ ကျင်းပခဲ့တဲ့ မကဒတ - ကျောင်းသားတပ်မတော် ဖွဲ့စည်းတည်ထောင်ခြင်း (၃၄)နှစ်ပြည့် အခမ်းအနား/Photo - မကဒတ
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မကဒတ #ABSDF #ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး #ကျောင်းသားတပ်မတော်
မကဒတ ဖွဲ့စည်းတည်ထောင်ခြင်း (၃၄)နှစ်ပြည့် အခမ်းအနား ကျင်းပ၊ (၃၄)နှစ်တာ တော်လှန်ရေးကာလ အတွင်း ရဲဘော် (၇၆၀)ကျော် ကျဆုံးခဲ့၊ မျိုးဆက်သစ် ရဲဘော်တွေက မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး နွေဦးတော်လှန်ရေးမှာ ဆက်လက်တိုက်ပွဲဝင်နေ၊
Featured
သြဂုတ်လ 25, 2024
သြဂုတ်လ 17, 2024
ဇွန်လ 23, 2024