မတ္တရာ ရွာတန်းရှည်ရွာက ပျူခေါင်းဆောင်ကို ဖမ်းဆီး၊ လက်လုပ်သေနတ်၊ ကျည်နဲ့ ဗုံးသီးတို့ သိမ်းဆည်း

မတ္တရာ ရွာတန်းရှည်ရွာက ပျူခေါင်းဆောင်ကို ဖမ်းဆီး၊ လက်လုပ်သေနတ်၊ ကျည်နဲ့ ဗုံးသီးတို့ သိမ်းဆည်း

MFP ၊ ဩဂုတ် - ၁၅

မန္တလေးတိုင်း မတ္တရာမြို့နယ် ရွာတန်းရှည်ကျေးရွာက ပျူစောထီးခေါင်းဆောင် သိန်းထွန်းဆိုသူကို မနေ့က ဖမ်းဆီးခဲ့တယ်လို့ ဗိုလ်ကောင်းကင် တော်လှန်ရေးအင်အားစုက ထုတ်ပြန်ပါတယ်။

ပျူခေါင်းဆောင် သိန်းထွန်းဟာ စစ်အုပ်စုကို ရွာကိုခေါ်ပြီး ပြည်သူကို နှိပ်စက်တာတွေ လုပ်ဆောင်နေတဲ့အတွက် ဖမ်းဆီးခဲ့တာလို့ ဗိုလ်ကောင်းကင်က ပြောပါတယ်။

“ ပျူသက်သေကတော့ ပသစ ဆိုတဲ့နာမည် သေနတ်မှာ ရေးထားတယ် “ လို့ သူက ဆိုပါတယ်။

ပျူခေါင်းဆောင်နဲ့အတူ ၉ မမ လက်လုပ်သေနတ်တစ်လက်၊ ကျည် (၅)တောင့်၊ ဗုံးသီးတစ်လုံးတို့ကို သိမ်းဆည်းရမိတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မတ္တရာ (ပကဖ)၊ ဗိုလ်ကောင်းကင် တော်လှန်ရေးအင်အားစု၊ ဝက်လက်တပ်ရင်း (၁၈)တို့က ပူးပေါင်းဖမ်းဆီးခဲ့တာဖြစ်ပြီး ဒီနေ့မှာ စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်နေတယ်လို့လည်း အဲဒီအဖွဲ့တွေဆီက သိရပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မတ္တရာ #ပျူစောထီး

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ