MFP ၊ ဩဂုတ် - ၁၀
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ထဲမှာ မနေ့က စစ်အုပ်စုယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံပြီး စကစ ငါးဦး သေဆုံးခဲ့တယ်လို့ ကြာညှပ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)ဆီက သိရပါတယ်။
ဩဂုတ်လ (၉)ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ ထီးချိုင့်ဘက်က ပြန်လာတဲ့ သုံးစီးပါ စစ်ယာဉ်တန်းကို ပဒေသာမိုင်းနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“ ငါးကောင်သေတယ်၊ နောက်ထပ် ဒဏ်ရာရတာတွေလည်း ရှိတယ်၊ ဒီလိုပဲကြားတာ “ လို့ ကြာညှပ် ပကဖအဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။
အဲဒီယာဉ်တန်းဟာ သပိတ်ကျင်းမြို့နယ် တွင်းငယ်ကျေးရွာအနီး ရွှေကျွန်းပင်ရွာနဲ့ ရှားတောရွာကြား ရောက်တဲ့အချိန် ပဒေသာမိုင်း (၇)လုံးနဲ့ သုံးနေရာခွဲပြီး စောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကတော့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့တယ်လို့ ကြာညှပ်ပကဖဆီက သိရပါတယ်။
( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #သပိတ်ကျင်း #စစ်အုပ်စုယာဉ်တန်း #မိုင်းဆွဲတိုက်ခိုက်