အမရပူရ ရွှေဂွမ်းထုပ်ရပ်ကွက်ရုံးကို ဗုံးထုတိုက်ခိုက်၊ စစ်အုပ်စုက ဒေသခံတွေကို ရန်ပြု သောင်းကျန်း၊

အမရပူရ ရွှေဂွမ်းထုပ်ရပ်ကွက်ရုံးကို ဗုံးထုတိုက်ခိုက်၊ စစ်အုပ်စုက ဒေသခံတွေကို ရန်ပြု သောင်းကျန်း၊

MFP ၊ အောက်တိုဘာ - ၇

စစ်အုပ်စုနှင့် ပေါင်းပြီး ဒေသခံပြည်သူတွေကို ဖမ်းဆီးငွေညှစ် အနိုင်ကျင့် သောင်းကျန်းနေတာတွေ ရပ်တန့်ဖို့ သတိပေးတဲ့အနေနဲ့ မန္တလေးမြို့၊ အမရပူရမြို့နယ် ရွှေဂွမ်းထုပ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဒီနေ့ အောက်တိုဘာ (၇) ရက် မွန်းလွဲ (၁) နာရီမှာ ဗုံးထု တိုက်ခိုက်ခဲ့တယ်လို့ Amarapura People Defense Force က ထုတ်ပြန်ပါတယ်။

Amarapura People Defense Force နှင့် Truth Keeping Force - Amarapura ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ ရပ်ကွက်ရုံးကို ဗုံးထုခဲ့တာဖြစ်ပြီး လက်ပစ်ဗုံး ချွတ်ယွင်းချက်ဖြစ်ကာ ပေါက်ကွဲမှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဗုံးထု တိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုက ရပ်ကွက်ရုံးအနီး နေအိမ်တွေက ဒေသခံ ပြည်သူတွေကို ရိုက်နှက်စစ်ဆေး ရန်ပြုနေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်အုပ်စုနဲ့ ပေါင်းပြီး ပြည်သူကို ရန်မပြုဖို့နဲ့ စစ်ကောင်စီ ထောက်တိုင်တွေအဖြစ် ဆက်လက်လုပ်ကိုင်နေသူတွေ၊ အုပ်ချုပ်ရေးမှူးရုံးတွေကို တိုက်ခိုက်မယ်လို့ မြို့ပြပြောက်ကျားတပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

စစ်အုပ်စုကလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ ပူးပေါင်းကာ ပြည်သူကို ပိုမိုတင်းကျပ် ဖိနှိပ်နေသလို စစ်အုပ်စုကို သစ္စာခံတဲ့ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ ပျူတွေကို သေနတ်ထုတ်ပေးတာ၊ ခိုးရာပါ ပစ္စည်း ခွဲဝေပေးတာတွေ လုပ်ဆောင်နေပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အမရပူရ #ရွှေဂွမ်းထုပ်ရပ်ကွက် #အုပ်ချုပ်ရေးမှူးရုံ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ