မြင်းခြံမှာ စစ်အုပ်စုနှင့်ပေါင်းပြီး သောင်းကျန်းနေတဲ့ ဆုံရွာက ပျူတွေကို ရှင်းလင်း၊ မြင်းခြံမှာ တနေ့တည်း စကစနဲ့ပျူ ငါးယောက် သု-တ်သင်ခံရပြီးနောက် စစ်အုပ်စုက ပြည်သူတွေကို ဖမ်းဆီး၊

မြင်းခြံမှာ စစ်အုပ်စုနှင့်ပေါင်းပြီး သောင်းကျန်းနေတဲ့ ဆုံရွာက ပျူတွေကို ရှင်းလင်း၊ မြင်းခြံမှာ တနေ့တည်း စကစနဲ့ပျူ ငါးယောက် သု-တ်သင်ခံရပြီးနောက် စစ်အုပ်စုက ပြည်သူတွေကို ဖမ်းဆီး၊

MFP ၊ စက်တင်ဘာ - ၁၀

မန္တလေးတိုင်း မြင်းခြံမြို့နယ်မှာ စစ်အုပ်စုနှင့် ပေါင်းပြီး မိုက်ကြေးခွဲ၊ ဆက်ကြေးတောင်း သောင်းကျန်းနေတဲ့ ဆုံရွာက နန္ဒဆိုသူ ဦးဆောင်တဲ့ ပျူနှစ်ယောက်ကို ပစ်ခတ် ရှင်းလင်းခဲ့ကြောင်း မြင်းခြံ နောင်ရိုး အထူးပြောက်ကြားတပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

စက်တင်ဘာ(၁၀)ရက် မနေ့က နေ့လယ်(၁၂)နာရီခွဲက မြင်းခြံမြို့နယ်၊ ဆုံရွာကျေးရွာက ပျူသုံးယောက်ကို ဆီမီးခုံနှင့် နဘူးအိုင်လမ်းပေါ်မှာ ပစ်ခတ်ရှင်းလင်းခဲ့ပြီး နှစ်ယောက် သေကာ တစ်ယောက် ထွက်ပြေးလွတ်မြောက် သွားတယ်လို့ ဆိုပါတယ်။

“ဆုံရွာမှ စစ်ကောင်စီ အားကိုးဖြင့် လက်နက်ကိုင် မိုက်ကြေးခွဲ နေသော တင်ထွန်းဝေ၊ နဒ္ဒ နှင့် ထွန်းထွန်းဝင်း ပျူစောထီး သုံးကောင်မှာ နဒ္ဒသည် သေနက်ကျည် ရှင်းရာမှ ကိုယ့်လက်ကို ပြန်ပ-စ်မိ၍ မြင်းခြံသို့ ဆေးခန်း သွားပြပြီး ပြန်အလာ ဆီမီးခုံ - နဘူးအိုင် ကားလမ်းပေါ်၌ လိုက်လံပစ်ခက် ရှင်းလင်းခဲ့ရာ ပျူ နှစ်ကောင် ဂန့်။ ကျန် တစ်ကောင်မှာ ထွက်ပြေး လွတ်မြောက်သွားခဲ့သည်” လို့ နောင်ရိုးအထူး ပြောက်ကျားတပ်က ဖော်ပြပါတယ်။

အဲ့ဒီ ပျူတွေကို ပစ်ခတ်ရှင်းလင်းတဲ့ တိုက်ခိုက်မှုကို နောင်ရိုး အထူးပြောက်ကျားတပ် - NYSGF ၊ မာန်စွယ်ကျား ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ နှင့် Scorpion ပြောက်ကျားတပ်ဖွဲ့တို့ မဟာမိတ်ညီနောင် သုံးဖွဲ့ ပူးပေါင်းပြီး လုပ်ဆောင်ခဲ့တာလို့ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် မနေ့က စက်တင်ဘာ(၁၀)ရက် ညနေ(၅)နာရီမှာလည်း ဆီမီးခုံမြို့ လောင်းကစားဝိုင်းကနေ ဆိုင်ကယ်နဲ့ ပြန်လာတဲ့ ကြည်ရွာက စစ်အုပ်စုရဲ့ သုံးပွင့်ဗိုလ်ကြီး အောင်ကိုကို နှင့် နောက်လိုက် တပ်သားတစ်ယောက်ကို ဆီမီးခုံမြို့ နှင့် ကြည်ရွာကြား လမ်းခုလပ်မှာ မြင်းခြံခရိုင် တပ်ရင်း(၆) နောင်ရိုး အထူးပြောက်ကျားတပ်-NYSGF အပါအဝင် မြင်းခြံခရိုင် တပ်ရင်း( ၂) MGN Tiger၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့၊ တပ်ရင်း(၃)Scorpion နှင့် Bagan Nyoung Oo PDF တို့ မဟာမိတ်ညီနောင် ငါးဖွဲ့ ပူးပေါင်းပြီး အသင့်စောင့်ကြို တိုက်ခိုက်ခဲ့ရာ နှစ်ယောက်လုံးသေပြီး Pistol (ပစ္စတို) တစ်လက် သိမ်းဆည်းရမိခဲ့တယ်လို့ နောင်ရိုးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

မြင်းခြံနယ် ဆီမီးခုံဘက်မှာ အဲ့ဒီလို တစ်နေ့တည်းနဲ့ စကစ သုံးပွင့်ဗိုလ် အပါအဝင် စကစနှင့်ပျူ ငါးယောက် သု-တ်-သင် ရှင်းလင်းခံရပြီးနောက် စစ်အုပ်စုက ထင်တိုင်းကျဲ သောင်းကျန်းကာ ဒေသခံပြည်သူ (၁၀)ဦးထက်မနည်းကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ကြည်ရွာနားက စစ်သားနှစ်ယောက် အသတ်ခံရပြီးနောက် မနေ့ည (၁)နာရီခန့်က ဆီမီးခုံ၊ ဖက်ပင်အိုင်ရွာနဲ့ ဂင်ဂဲရွာတို့မှ ပြည်သူ(၁၀)ဦးခန့်၊ ဆီမီးခုံမြို့မှ ပြည်သူ အနည်းဆုံး ငါးဦ်းခန့်ကို စခ များမှ ဖမ်းဆီး။ လောင်းကစားဝိုင်း ရောက်နေသူများကို သံသယနဲ့ လိုက်ဖမ်းဆီးတာလို့လည်း သိရ။ ဆီးမီးခုံမှ ငွေကြေး ချမ်းသာသူများကိုလည်း စမများ ရွေးချယ်ခေါ်ဆောင်သွားဟု သိရ” လို့ မြင်းခြံ လူထုလှုပ်ရှားမှု ကော်မတီက ဖော်ပြပါတယ်။

မနေ့က နေ့လည်ပိုင်းမှာ ဆုံရွာက ပျူတွေ နဘူးအိုင်ဘက် ဆိုင်ကယ်တွေလာပြီး သောင်းကျန်းသလို ဆီမီးခုံ အပါအဝင် အနီးနားက ရွာတွေထဲ စစ်အုပ်စုနှင့် ပျူတွေ သောင်းကျန်းနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်အာဏာမသိမ်းမီ၊ စစ်အုပ်စု ဆေးမသုတ်မီက တွေ့ရတဲ့ မြင်းခြံမြို့လည် နာရီစင်/Photo – CJ

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မြင်းခြံ #ဆီမီးခုံ #ကြည်ရွာ #ဆုံရွာ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ