MFP ၊ စက်တင်ဘာ - ၁၉
စစ်ကိုင်းတိုင်း တန့်ဆည်မြို့က ကြံ့ဖွံ့အမတ်ဟောင်းပိုင် ဓာတ်ဆီဆိုင်ထဲ အထိုင်ချကာ ပြည်သူတွေကို ရန်ပြု သောင်းကျန်း ငွေညှစ်နေလေ့ရှိတဲ့ စစ်အုပ်စုကို ဒီညနေပိုင်း တော်လှန်ရေး ရဲဘော် ခုနှစ်ဦးက ပြောက်ကျားနည်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စကစ ငါးယောက် သေတယ်လို့ ဒေသကာကွယ်ရေး တပ်တွေက သတင်း ထုတ်ပြန်ပါတယ်။
ဒီနေ့ စက်တင်ဘာ(၁၉)ရက် ညနေ(၄)နာရီက တန့်ဆည်မြို့ ရွှေဒေါင်းမင်း ဓာတ်ဆီဆိုင်ထဲ ရှိနေတဲ့ စစ်အုပ်စုနှင့် ပျူ အင်အား(၄ဝ)ဝန်းကျင်ကို ရွှေဘိုခရိုင် တပ်ရင်း (၆)နှင့် တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ပူးပေါင်းတပ် ရဲဘော် ခုနှစ်ဦးက ဓာတ်ဆီဆိုင်ရဲ့ အနောက်ဘက် မီတာ(၂၅၀)အကွာ ကနေ (၄၀မမ)နဲ့ သုံးချက် ထုပြီး ကျည် (၁၀၀)ကျော် ကုန်သည်အထိ အနီးကပ် ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“တန့်ဆည်မြို့၊ ရွှေဒေါင်းမင်းဆီဆိုင်သို့ ပြောက်ကျားဝင်ပစ်ရာ စခ + ပျူ ငါးကောင် သေပြီး သုံးကောင် ဒဏ်ရာ ရရှိကြောင်းသိရ” လို့ တန့်ဆည်ဒေသ ကာကွယ်ရေး တပ်ဖွဲ့တစ်ဖွဲ့က ဖော်ပြပါတယ်။
တန့်ဆည်မြို့၊ လမ်းဆုံမှာ ရှိတဲ့ ရွှေဒေါင်းမင်း ဓာတ်ဆီအရောင်းဆိုင်ဟာ ၂၀၁၁ ကနေ ၂၀၁၆ အထိ တန်ပဆည်မြို့နယ် ပြည်သူ့လွှတ်တော် အမတ် လုပ်ခဲ့တဲ့ ကြံ့ဖွံ့ အမတ်ဟောင်း ဦးတင်မြင့် ပိုင်တဲ့ ဆိုင်ဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် စစ်အုပ်စုက အဲ့ဒီ ဆီဆိုင်ထဲ အထိုင်ချကာ လာသမျှ ပြည်သူကို ဖမ်းဆီးငွေညှစ်၊ ရန်ပြု သောင်းကျန်းနေတာလို့ မြို့ခံတွေက ပြောပါတယ်။
ဒါ့အပြင် ဒီမနက် (၂)နာရီကျော်ကလည်း တန့်ဆည်နယ် ကျွန်လည်(ပျူ)ရွာကနေ ထန်းပင်ဆိပ်ရွာဘက် ဝင်မွှေသောင်းကျန်း လုယက်ဖို့ လာတဲ့ အင်အား (၁၅၀)ခန့်ပါ စစ်အုပ်စုကို တိုက်မိုင်း နှစ်လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စကစ (၁၅)ယောက် ထိခိုက် သေဆုံးတယ်လို့ တန့်ဆည်နယ် ကပေါင်းကျ Guerrilla Warfare - K.P.K တပ်ဖွဲ့က သတင်း ထုတ်ပြန်ထားပါတယ်။
တန့်ဆည်နယ်ထဲ ရွာစဉ်ပတ်မွှေ သောင်းကျန်းနေတဲ့ စစ်အုပ်စုဟာ ယခု ည(၇)နာရီမှာ တန့်ဆည်နယ် မြောက်ပိုင်းက ဖက်သန်းကုန်းရွာထဲကို ဝင်မွှေ လုယက် မီးရှို့ကာ သောင်းကျန်းနေတဲ့ ဒေသခံ ပြည်သူတွေ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စု အထိုင်ချနေတဲ့ တန့်ဆည်မြို့ လမ်းဆုံက ကြံ့ဖွံ့အမတ်ဟောင်းပိုင် ဓာတ်ဆီဆိုင်/Photo – CJ
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #တန့်ဆည် #ပကဖ #KPK
တန့်ဆည်မြို့ ကြံ့ဖွံ့အမတ်ပိုင် ဆီဆိုင်ထဲက စစ်အုပ်စုကို တိုက်ခိုက်ရာ ငါးယောက် သေဟုဆို၊ တစ်နေ့တည်း နှစ်ကြိမ် တိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုက ယခုည ဖက်သန်းကုန်း ရွာကို မီးရှို့နေ၊
Featured
သြဂုတ်လ 25, 2024
သြဂုတ်လ 17, 2024
ဇွန်လ 23, 2024