မန္တလေး စက်မှုမြို့သစ်မှာ စကစရဲကို အနီးကပ် ပစ်ခတ်၊ ထုံးဘိုတိုးဂိတ်အနီး စစ်ကားကို မိုင်းဆွဲရာ စကစ လေးယောက် လေပေါ်ပျံတက်ပြီး သေဟုဆို

မန္တလေး စက်မှုမြို့သစ်မှာ စကစရဲကို အနီးကပ် ပစ်ခတ်၊ ထုံးဘိုတိုးဂိတ်အနီး စစ်ကားကို မိုင်းဆွဲရာ စကစ လေးယောက် လေပေါ်ပျံတက်ပြီး သေဟုဆို

MFP ၊ အောက်တိုဘာ - ၂၃

မန္တလေးမြို့၊ စက်မှုမြို့သစ်၊ (၁၃၉)လမ်း၊ (၆၈)လမ်းနဲ့ (၆၉)လမ်းကြားမှာ ဒီမနက်(၇)နာရီခွဲက စစ်ကောင်စီသစ္စာခံ ရဲတစ်ယောက်ကို လက်လုပ်တစ်တောင့်ထိုးနဲ့ အနီးကပ် သွားရောက် ပစ်ခတ်ခဲ့တယ်လို့ မန္တလေးမြို့ပြပြောက်ကျား No More Dictatorship - NMD အဖွဲ့က ထုတ်ပြန်ပါတယ်။

အဲ့ဒီလို အနီးကပ် ပစ်ခတ်မှုကြောင့် စကစရဲ လဲကျသွားပြီး သေ၊မသေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

အလားတူ ဒီနေ့ အောက်တိုဘာ(၂၃)ရက် မနက်(၁၀)နာရီဝန်းကျင်အချိန် မန္တလေး-ကျောက်ဆည်လမ်းပေါ်က မြစ်ငယ် ထုံးဘိုတိုးဂိတ် တံတားဖြူ တံတားအနီးမှာ စကစ (၁၅) ယောက် လိုက်ပါလာတဲ့ ဖောကားကို Generation Z Power-GZP ( Mandalay ) ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက်ကျား တပ်ဖွဲ့ နှင့် မဟာမိတ်ဖြစ်တဲ့ ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(ပကဖ) တို့ ပူးပေါင်းပြီး ပဒေသာမိုင်း နှစ်လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ GZP က ထုတ်ပြန်ပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ကားပေါ်လိုက်လာတဲ့ စကစ အားလုံး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြပြီး စကစ လေးယောက်ကတော့ လေပေါ်ပျံတက်လာကာ လွင့်စင်ပြုတ်ကျ သေဆုံးသွားတယ်လို့ GZP ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မန္တလေးမြို့မှာ စစ်အုပ်စုဟာ နေ့ရောညပါ ပြည်သူကို ဖမ်းဆီးစစ်ဆေး ငွေညှစ်တာ၊ လက်နက်ပြ မိုက်ေြ့းခွဲတာတွေ လုပ်ဆောင်နေပြီး မနေ့ညပိုင်းကတော့ မန္တလေးမြို့လည် (၃၅) လမ်းနဲ့ (၇၃)လမ်း မီးပွိုင့်မှာ အရှိန်နဲ့ မောင်းနှင်လာတဲ့ လမ်းသွားလမ်းလာ ကားတစ်စီးကို တားတာ ရပ်မပေးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ သေနတ်နဲ့ ဝိုင်းပစ်ရာ ယာဉ်မောင်းဖြစ်သူ သေဆုံးခဲ့ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အနီးကပ်ပစ်ခတ် #မိုင်းဆွဲတိုက်ခိုက်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ