PDF တွေကို စစ်တပ်နဲ့ ထောင်ဖမ်းမယ်လို့ ကြွေးကြော်ထားတဲ့ ဝမ်းတွင်းက ပျူနဂါး အသ-တ်ခံရ

PDF တွေကို စစ်တပ်နဲ့ ထောင်ဖမ်းမယ်လို့ ကြွေးကြော်ထားတဲ့ ဝမ်းတွင်းက ပျူနဂါး အသ-တ်ခံရ

MFP ၊ စက်တင်ဘာ - ၄

မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ် ခင်ကြီးရွာက ပျူစောထီး သင်တန်းဆင်း ဇော်လွင်ဌေး(ခ) နဂါးဆိုသူဟာ ဒီနေ့မွန်းလွဲပိုင်းမှာ အသ-တ်ခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သူဟာ စစ်အုပ်စုကို လမ်းပြကူညီပေးတာ၊ ပြည်သူတွေကို ခြိမ်းခြောက်တာတွေအပြင် အကြမ်းဖက်စစ်တပ် အားကိုးနဲ့ လာသ-တ်မယ့် PDF တွေကို စစ်တပ်နဲ့ ထောင်ဖမ်းမယ်လို့ ကြွေးကြော်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒေသခံ လုပ်ငန်းရှင်တွေဆီက ဆက်ကြေးကောက်တာ၊ လောင်းကစားဝိုင်းတွေ ဦးဆောင်ပြုလုပ်ပေးပြီး မူးတဲ့အခါတိုင်း ရပ်ရွာကို စိန်ခေါ်ဆဲဆိုနေသူဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

ဒါကြောင့် ဒီနေ့ စက်တင်ဘာ (၄)ရက် မွန်းလွဲ သုံးနာရီခွဲအချိန်ခန့်မှာ ခင်ကြီးရွာနဲ့ ခင်ဘန်းရွာကြားလမ်းတစ်နေရာမှာ သေနတ်နဲ့ (၁၁)ချက်ခန့် အပစ်ခံရပြီး သေဆုံးသွားခဲ့တာဖြစ်တယ်လို့ Voice of Wundwin တာဝန်ရှိသူက ရှင်းပြပါတယ်။

ဇော်လွင်ဌေး(ခ) နဂါးဆိုသူကို အကြိမ်ကြိမ် စောင့်ကြည့်လေ့လာနေပေမယ့် ပြုပြင်လာခြင်းမရှိဘဲ ဆက်လက်မိုက်မဲနေတာကြောင့် လူယုတ်မာတို့သွားရာလမ်းကို ရွေးချယ်သွားတာဖြစ်တယ်လို့ ဝမ်းတွင်းမြို့နယ်တော်လှန်ရေးအင်အားစု(WTRF)က ထုတ်ပြန်ထားပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဝမ်းတွင်း #ပျူစောထီ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ