MFP၊ သြဂုတ် - ၁၀
စစ်ကိုင်းတိုင်း၊ ရေဦးမြိုနယ် အနောက်ခြမ်း ကုန်းသာရွာအနီးမှာ မနေ့ မနက်ပိုင်းက ကားနှစ်စီးနဲ့ ရွာစဉ်ပတ်မွှေ သောင်းကျန်းနေတဲ့ အကြမ်းဖက် စစ်အုပ်စုကို ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စကစ (၃၀)ကျော် သေပြီး သေနတ်(၂၅)လက် သိမ်းပိုက် ရရှိတယ်လို အဲ့ဒီတိုက်ပွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ ဒေသကာကွယ်ရေး တပ်ဖွဲတွေက MFP ကို ပြောပါတယ်။
သြဂုတ်(၁၀)ရက် မနက်(၆)နာရီကျော်က ရေဦးမြိုပေါ်ကနေ ကားနှစ်စီး အင်အား (၅၀)လောက်ပါတဲ့ စစ်အုပ်စုကို ကုန်းသာရွာထဲ မဝင်မီ ဒီပဲယင်းနဲ့ ရေဦးက ပြည်သူ့ကာကွယ်ရေး တပ်ရင်းတပ်ဖွဲတွေ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ရာမှာ အပြန်အလှန် ပစ်ခတ်မှု (၄၅)မိနစ်ကြာ ဖြစ်ပွားခဲ့ပြီး စကစတွေ တစ်ဖွဲ့လုံးနီးပါး သေကြေ ဒဏ်ရာရတယ်လို့ ဆိုပါတယ်။
အဲ့ဒီ တိုက်ပွဲမှာ အကြမ်းဖက် စစ်အုပ်စုဘက်က (၃၀)ကျော် သေပြီး (G-3) အပါအဝင် လက်နက် (၂၅)လက် သိမ်းဆည်းရရှိခဲ့ကာ ဒေသကာကွယ်ရေး တပ်ဖွဲတွေဖက်က ပြည်သူ့ရဲဘော် နှစ်ဦး ကျဆုံးခဲ့တယ်လို တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ MFP ရဲ့ သတင်းရင်းမြစ် ပြည်သူ့ရဲဘော်တွေက ပြောပါတယ်။
"ခွေးတွေက အင်အား သိပ်မများဘူး။ ကားနှစ်စီး၊ (၅၀)ခန့်လောက်ပေါ့။ စစ်ကြောင်းတစ်ကြောင်းလုံး လိုလို ပြုတ်တာပဲ။ ကျန်တဲ့ ခွေးနာတွေကို ဒီပဲယင်းခြံ လာပို့တယ်"လို ပြည့်သူ့ရဲဘော်တစ်ဦးက ပြောပါတယ်။
ရေဦးမြိုပေါ်ကနေ ကားနှစ်စီးနဲ့လာတဲ့ စစ်ကောင်စီ အကြမ်းဖက်သမားတွေ တိုက်ခိုက်ခံရကာ အထိနာ အသေများပြီးနောက် စစ်အုပ်စုက ရဟတ်ယာဉ် နှစ်စီးနဲ့ လေကြောင်း ပစ်ကူပေးကာ ဒဏ်ရာရ စကစတွေကို ပြန်သယ်သွားတယ်လို့ ဆိုပါတယ်။
အဲဒီနောက် နေ့လယ်ပိုင်းမှာ စစ်အုပ်စုက နောက်ထပ် သုံးကြိမ် လေကြောင်း ပစ်ခတ်ပြီး ရဟတ်ယာဉ်နဲ့ သယ်လာတဲ့ စကစအင်အား (၁၀၀)ကျော်ကို ကုန်းသာရွာအနီး ချပေးသွားခဲ့ကြောင်းနဲ့ ထပ်ရောက်လာတဲ့ စစ်ကောင်စီ အကြမ်းဖက်သမားတွေက ကုန်းသာရွာထဲ ဝင်မွှေလုယက်ကာ မီးတင်ရှိ့ ဖျက်ဆီးခဲ့ကြောင်း ဒေသကာကွယ်ရေး တပ်ဖွဲတွေက ပြောပါတယ်။
"အခု ခွေးတွေ ကုန်းသာမှာပဲ ရှိသေးတာ။ ခွေးက အဲ့နား ပတ်ချာလည်မှာပဲ ရှိသေးတယ်။ လောလောဆယ်တော့ (အိမ်ထိခိုက်ပျက်စီး) ဘယ်သူမှ အတည်မပြုနိုင်သေးဘူးလေ။ ညနေပိုင်းကမှ ရှိ့တာ" လို့ ပြည်သူ့ရဲဘော်တစ်ဦးက MFP ကို ပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီ အကြမ်းဖက်သမားတွေ လုယက်ဓားပြတိုက် သောင်းကျန်းပြီး ထင်တိုင်းကျဲ ရမ်းကား ဖျက်ဆီး မီးရှို့နေတာကြောင့် ကုန်းသာ၊ ရွာသစ်၊ ရွာမိဿာ၊ ချမ်းသာ၊ ထန်းပင်ကုန်းနဲ့ အနီးပတ်ဝန်းကျင်ရွာတွေက ထောင်သောင်းချီတဲ့ ဒေသခံပြည်သူတွေ အရေးပေါ် စစ်ဘေးရှောင် ထွက်ပြေး နေကြရတယ်လို့ ဆိုပါတယ်။
မနေ့က ကုန်းသာရွာအနီး ရဟတ်ယာဉ်နှစ်စင်းနဲ့ လာချသွားတဲ့ စစ်ကောင်စီ အကြမ်းဖက်သမား (၁၀၀)ကျော်ထဲက အယောက် (၂၀)ခန့်ဟာ ဒီကနေ့ သြဂုတ် (၁၁)ရက် မနက်ပိုင်းမှာ ကုန်းသာကနေ မစိုးရိမ်တံတားဘက် ခွဲထွက်သွားတယ်လို့ MFP ရဲ့သတင်းရင်းတွေက ပြောပါတယ်။
ဒါ့အပြင် ကုန်းသာရွာထဲ ကျန်နေခဲ့တဲ့ စစ်အုပ်စုဟာလည်း ကုန်းသာကနေ ရွာသစ်၊ အဲဒီကတဆင့် ချမ်းသာနဲ့ ထန်းတောကုန်း ရွာတွေဘက် ပစ်ခတ်ဝင်ရောက်ပြီး လုယက်ဖျက်ဆီး သောင်းကျန်းနေတယ်လို့ ဆိုပါတယ်။
မုံတိုင်ပင်ရွာ အစုလိုက်အပြုံလိုက် သ-တ်-ဖြတ်မှု အပါအဝင် ရွှေဘို၊ ရေဦးနယ်ထဲ ရွာစဉ်ပတ်မွှေကာ ဒေသခံ ပြည်သူတွေကို သ-တ်-ဖြတ် သောင်းကျန်းနေတဲ့ စစ်ကောင်စီ အကြမ်းဖက်သမား တချို့ /Photo – CJ
( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ရွှေဘို #ရေဦး #တိုက်ပွဲ #ပကဖ #ဒီပဲယင်း #PDF