မန္တလေးမှာ အဆိုးဆုံး သောင်းကျန်းနေတဲ့ အမှတ်(၁၁)ရဲစခန်း ဗုံးထုခံရ

မန္တလေးမှာ အဆိုးဆုံး သောင်းကျန်းနေတဲ့ အမှတ်(၁၁)ရဲစခန်း ဗုံးထုခံရ

MFP ၊ ဩဂုတ် - ၂၅

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးမြို့ပေါ်မှာ ပြည်သူကို ဖမ်းဆီးငွေညှစ် ပစ်ခတ်တာတွေ ထင်တိုင်းကျဲ လုပ်ဆောင်နေတဲ့ (၇၈)လမ်းနဲ့ ခင်စောမူကွေ့အနီးက ချမ်းမြသာစည်မြို့နယ် အမှတ်(၁၁)ရဲစခန်းဟာ ဒီနေ့ နေ့လယ်ပိုင်းမှာ ဗုံးထုခံရပြီး တစ်ဦး ဒဏ်ရာရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဆိုင်ကယ်စီး အမျိုးသားနှစ်ဦးက သံပိုက်နဲ့လုပ်ထားတဲ့ လက်လုပ်မိုင်းနဲ့ ပစ်ပေါက်ခဲ့တဲ့အတွက် ရဲစခန်းရှေ့က ဘန်ကာအရှေ့မျက်နှာစာမှာ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

ဗုံးထုတိုက်ခိုက်ခံရလို့ ကင်းတာဝန်ကျတဲ့ ရဲတစ်ယောက်က သေနတ်နဲ့ နှစ်ချက် ပစ်ခတ်ခဲ့ပေမယ့် ဗုံးထုသူတွေကို ထိခိုက်တာမရှိဘူးလို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒါပေမယ့် ဗုံးထုတိုက်ခိုက်တဲ့အချိန် ရဲစခန်းနားက စျေးဆိုင်မှာ စျေးလာဝယ်သူအမျိုးသားတစ်ဦးရဲ့ ဝဲဘက်နားထင်ကို မိုင်းစထိမှန်ပြီး ပေါက်ပြဲဒဏ်ရာတစ်ချက်ရရှိကာ မစိုးရိမ်ရဘူးလို့ သတင်းရင်းမြစ်က ဆက်ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် အကြမ်းဖက်ရမ်းကားမှုတွေကို လိုက်ပါလုပ်ဆောင်နေတဲ့ မန္တလေးမြို့ပေါ်က ရဲစခန်းတွေကို မကြာခဏ ဗုံးထုတိုက်ခိုက်ခံရလေ့ရှိပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အမှတ်၁၁ရဲစခန်း #ဗုံးထုတိုက်ခိုက်ခံရ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ