ရေဦးမြို့ တိုင်းရင်းဆေးရုံထဲ ခိုအောင်းနေတဲ့ စစ်အုပ်စုကို PDF အထူးကွန်မန်ဒိုအဖွဲ့က တိုက်ခိုက်၊ ကင်းစောင့်နေတဲ့ စကစ လေးယောက်ကို အနီးကပ် အသေပစ်ခတ်နိုင်ခဲ့ဟုဆို၊

ရေဦးမြို့ တိုင်းရင်းဆေးရုံထဲ ခိုအောင်းနေတဲ့ စစ်အုပ်စုကို PDF အထူးကွန်မန်ဒိုအဖွဲ့က တိုက်ခိုက်၊ ကင်းစောင့်နေတဲ့ စကစ လေးယောက်ကို အနီးကပ် အသေပစ်ခတ်နိုင်ခဲ့ဟုဆို၊

MFP ၊ စက်တင်ဘာ - ၁၄

စစ်ကိုင်းတိုင်း ရေဦးမြို့ တိုင်းရင်းဆေးရုံထဲ စီးနင်း အထိုင်ချ ခိုအောင်းနေတဲ့ စစ်အုပ်စုကို မနေ့ညပိုင်း ဒေသကာကွယ်ရေးတပ်ဖွဲ့၊ အထူးကွန်မန်ဒိုတပ်က ပြောက်ကျားနည်းနဲ့ သွားရောက် တိုက်ခိုက်ခဲ့ပြီး ကင်းစောင့်နေတဲ့ စကစ လေးယောက်ကို အနီးကပ် အသေပစ်ခတ် နိုင်ခဲ့တယ်လို့ ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ရင်းအမှတ်(၁၄) – YEU PDF က သတင်း ထုတ်ပြန်ပါတယ်။

စက်တင်ဘာ(၁၃)ရက် မနေ့က ည(၉)နာရီလောက်က ရေဦး တိုင်းရင်းဆေးရုံထဲ ခိုအောင်းနေတဲ့ စစ်အုပ်စုကို YEU - PDF တပ်ခွဲ(၂) တပ်ခွဲမှူး ဗိုလ်ရာမ ဦးဆောင်တဲ့ အထူးကွန်မန်ဒို တပ်ဖွဲက ပြောက်ကျား တိုက်ခိုက်ခဲ့တာလို ဆိုပါတယ်။

"ယင်းပြောက်ကျား တိုက်ခိုက်သည့် ပွဲတွင် ကင်းစောင့်နေသော စစ်ခွေး လေးကောင်အား အနီးကပ် အသေ ပစ်ခတ်နိုင်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်များ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွါနိုင်ခဲ့ကြောင်း သတင်းကောင်း ထုတ်ပြန်အပ်ပါသည်"လို့ YeU PDF က ဖော်ပြပါတယ်။

ရေဦးမြို့ တိုင်းရင်းဆေးရုံထဲ ခိုးအောင်းနေတဲ့ စစ်အုပ်စုဟာ ပြည်သူကို ဖမ်းဆီးငွေညှစ်တာ၊ လက်နက်ပြ ရန်ပြုသောင်းကျန်းတာ၊ ဖမ်းဆီး ညှဉိးပန်း သ-တ်-ဖြတ်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေပြီး ရေဦးမြို့ပေါ် မှာသာမက ကြာပန်းအဝိုင်းနှင့် မူးတံတားအရှေ့ဘက် အင်းပတ်ကွေ့အနီး ရထားလမ်းကူး နေရာတွေမှာလည်း စစ်ဆေးရေးဂိတ်တွေ ဖွင့်ပြီး ပြည်သူတွေကို ဖမ်းဆီးငွေညှစ် သောင်းကျန်းကာ မှတ်ပုံတင်နဲ့ စကစ အုပ်ချုပ်ရေးမှူး ထောက်ခံစာပါမှ ဖြတ်သန်းသွားလာခွင့် ပြုတာမျိုးတွေ လုပ်နေတယ်လို ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ရေးဦးမြို့ တိုင်းရင်းဆေရုံထဲ ခိုးအောင်နေတဲ့ စစ်အုပ်စုဟာ ရေဦးနယ် အပါအဝင် ခင်ဦးနှင့် ရွှေဘိုနယ်တကြော ရွာစဉ်ပတ်မွှေ လုယက်ဓားပြတိုက်တာ၊ အိမ်မီးရှို့တာ၊ ဖမ်းဆီး ငွေညှစ် သ-တ်ဖြတ်တာတွေလည်း ကျူးလွန်နေတယ်လို့ ဆိုပါတယ်။

ရွှေဘိုနယ်ထဲ ပြည်သူအပေါ် ထင်တိုင်းကျဲ အကြမ်းဖက် သောင်းကျန်းနေပြီး ရေဦးမြို့ တိုင်းရင်းဆေးရုံထဲ ခိုအောင်းနေတဲ့ စစ်အုပ်စုကို သွားရောက် တိုက်ခိုက်ခဲ့တဲ့ ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ရင်းအမှတ် (၁၄) – YEU PDF မှ တပ်ခွဲ(၂)တပ်ခွဲမှူး ဗိုလ်ရာမ ဦးဆောင်တဲ့ အထူးကွန်မန်ဒိုတပ်ဖွဲ့ဝင်များ/Photo – YeU PDF

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ရေဦး #PDF #တိုင်းရင်းဆေးရုံ #အထူးကွန်မန်ဒို

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ