ပုသိမ်ကြီး မြကံသာရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးကို ရှင်းလင်း၊ လက်လုပ်သေနတ် သိမ်းဆည်းရရှိ၊

ပုသိမ်ကြီး မြကံသာရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးကို ရှင်းလင်း၊ လက်လုပ်သေနတ် သိမ်းဆည်းရရှိ၊

MFP ၊ အောက်တိုဘာ - ၉

စစ်အုပ်စုနှင့် ပေါင်းပြီး လူသတ်၊ လုယက်၊ ပြည်သူကို အနိုင်ကျင့် အကြမ်းဖက်နေတဲ့ ပုသိမ်ကြီးမြို့နယ် မြကံသာကျေးရွာက စစ်ကောင်စီ သစ္စာခံ အုပ်ချုပ်ရေးမှူး တင်မောင်ဝင်း ဆိုသူကို မနေ့က ညနေပိုင်းမှာ နေအိမ်အတွင်း ဝင်ရောက် ရှင်းလင်းခဲ့ပြီး လက်လုပ် သေနတ်တစ်လက် သိမ်းဆည်း ရရှိတယ်လို့ Mahar Revolution Force(MRF) က သတင်း ထုတ်ပြန်ပါတယ်။

အောက်တိုဘာ(၈)ရက် ညနေ(၃)နာရီက ပုသိမ်ကြီးမြို့နယ်၊ မြကံသာကျေးရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုး တင်မောင်ဝင်းကို ဝင်ရောက်ရှင်းလင်းခဲ့တာ ဖြစ်ပြီး ၎င်းကိုင်ဆောင်တဲ့ လက်လုပ်ပစ္စတို တစ်လက်နှင့် ကျည်တစ်ထောင့် သိမ်းဆည်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။

မန္တလေးမှာ စစ်အုပ်စုက ဒေသခံပြည်သူတွေကို ထင်တိုင်းကျဲ ဖမ်းဆီး သတ်-ဖြတ်၊ ညှဉ်းပန်းနေသလို စစ်အုပ်စုနှင့် ဆက်စပ်သူတွေကိုလည်း မြို့ပြပြောက်ကျား တပ်ဖွဲ့တွေက တိုက်ခိုက် သုတ်သင် ရှင်းလင်းနေတာ ဖြစ်ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ပုသိမ်ကြီး #မြကန်သာ #အုပ်ကြီ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ