အမရပူရ ရဲစခန်းက ရဲဒု-တပ်ကြပ် သူရအောင် ပစ်ခတ်ခံရပြီး သေဆုံး၊ တန်ဆောင်တိုင်မှာ တနေကုန် ဖမ်းဆီးငွေညှစ်ပြီး ရတဲ့ငွေနဲ့ မူးရူးသောက်စားပြီး အပြန် ပစ်ခတ်ခဲ့တာလို့ MN PDF ထုတ်ပြန်၊

အမရပူရ ရဲစခန်းက ရဲဒု-တပ်ကြပ် သူရအောင် ပစ်ခတ်ခံရပြီး သေဆုံး၊ တန်ဆောင်တိုင်မှာ တနေကုန် ဖမ်းဆီးငွေညှစ်ပြီး ရတဲ့ငွေနဲ့ မူးရူးသောက်စားပြီး အပြန် ပစ်ခတ်ခဲ့တာလို့ MN PDF ထုတ်ပြန်၊

MFP ၊ နိုဝင်ဘာ - ၈

မန္တလေးမြို့ အမရပူရမြို့နယ်မှာ မနေ့က တန်ဆောင်မုန်းလပြည့်မှာ ပြည်သူကို တနေကုန် ဖမ်းဆီးငွေညှစ်ပြီး ရလာတဲ့ ငွေနဲ့ မူးရူးသောက်စားနေတဲ့ စစ်ကောင်စီ သစ္စာခံ အမရပူရမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ယာဉ်မောင်း ရဲ ဒု-တပ်ကြပ် သူရအောင်ကို ပစ်ခတ်ရာ သေဆုံးသွားတယ်လို့ မန္တလေးခရိုင်၊ အမှတ် (၅) တပ်ရင်း၊ မြစ်ငယ် MNPDF က သတင်း ထုတ်ပြန်ပါတယ်။

မနေ့က တန်ဆောင်မုန်းလပြည့်နေ့မှာ မူးရူးသောက်စားပြီး ပြန်လာတဲ့ အမရပူရမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ယာဉ်မောင်း ရဲ ဒု-တပ်ကြပ် သူရအောင်ကို ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“ တန်ဆောင်မုန်းလပြည့်နေ့ ကျွန်တော်တို့ MN PDF အလှူကြီး။ သောက်စားမူးရူးပြီး ပြန်လာသော ဒုတပ်ကြပ် သူရအောင် ကို ဧရာဝတီမြစ်ထဲတွင်ရှိသော ငါးများကို အာဟာရဒါနအဖြစ် ငါးစာကျွေးလိုက်ပါသည် ။ နတ်လူသာဓုခေါ်ဆိုနိုင်ကြပါစေ “ လို့ MN PDF က ဖော်ပြပါတယ်။

သူရအောင်မှာ ပါလာတဲ့ 9mm ကျည် (၉၁) တောင့်၊ ပိုက်ဆံ (၈၇,၇၀၀) ကျပ်၊ ဖုန်းတစ်လုံးနဲ့ လက်စွပ်တစ်ကွင်းကို သိမ်းဆည်းခဲ့တယ်လို့လည်း ဓာတ်ပုံနဲ့တကွ ဖော်ပြထားပါတယ်။

စစ်ကောင်စီ သစ္စာခံတွေကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်မယ်လို့လည်း MN PDF က ထပ်မံ ဖော်ပြထားပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အမရပူရ #ယာဉ်မောင်း #ရဲဒုတပ်ကြပ် #MNPDF 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ