စစ်အုပ်စုက ဩဂုတ် (၁၉) ရက်မှာ စစ်ကိုင်းတိုင်းထဲက ရွာသုံးရွာကိုမီးရှို့ပြီး အမျိုးသမီးတစ်ဦးကို သ-တ်ဖြ-တ်

စစ်အုပ်စုက ဩဂုတ် (၁၉) ရက်မှာ စစ်ကိုင်းတိုင်းထဲက ရွာသုံးရွာကိုမီးရှို့ပြီး အမျိုးသမီးတစ်ဦးကို သ-တ်ဖြ-တ်

MFP ၊ ဩဂုတ် - ၂၀



စစ်အုပ်စုဟာ ဩဂုတ်လ (၁၉) ရက်မှာ စစ်ကိုင်းတိုင်းထဲက ရွာသုံးရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး အမျိုးသမီးတစ်ဦးကိုလည်း သ-တ်ဖြ-တ်ခဲ့တယ် လို့ MFP က ပြုစုထားတဲ့စာရင်းတွေအရ သိရပါတယ်။



စစ်အုပ်စုက အရာတော်မြို့နယ် ငြိမ်းစံရွာက နေအိမ် (၂၉) လုံး၊ တန့်ဆည်မြို့နယ် ရွာသစ်ရွာက နေအိမ် တစ်လုံးနဲ့ ကနီမြို့နယ် ကင်းစံပြရွာက နေအိမ် နှစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် စုစုပေါင်း နေအိမ် (၃၂) လုံးကို မီးရှို့ဖျက်ဆီးတာဖြစ်ပါတယ်။ ဒါ့အပြင် ကင်းစံပြရွာက အသက် (၃၀) နှစ် အရွယ်ရှိ မစိုးစိုးကိုလည်း စစ်အုပ်စုက သ-တ်ဖြ-တ် သွားခဲ့တယ်လို့ သိရပါတယ်။



စစ်ကိုင်းတိုင်းမှာ ဒီလအတွင်း စစ်အုပ်စု သ-တ်ဖြ-တ်ခဲ့တဲ့ အရပ်သားပြည်သူ (၆၀) ကျော်အထိ ရှိနေခဲ့ပြီ ဖြစ်ပါတယ်။



စစ်ကိုင်းတိုင်းအတွင်း စစ်အာဏာသိမ်းပြီးနောက် တစ်နှစ်ခွဲကျော် ကာလအတွင်း မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်ပေါင်း (၁၈,၀၀၀) ကျော် အထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။



MFP အနေနဲ့ စစ်ကိုင်းတိုင်းအတွင်းက ရရှိလာတဲ့ သတင်းအချက်အလက်တွေကို အခြေခံပြုစုထားတာဖြစ်ပြီး မြေပြင်အခြေအနေနဲ့ အနည်းငယ် ကွဲလွဲမှုရှိနိုင်ပါတယ်။



( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)



#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကျေးရွာမီးရှို့ #မီးရှို့ဖျက်ဆီ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ