စစ်အုပ်စုက ဩဂုတ် (၁၈) ရက်မှာ စစ်ကိုင်းတိုင်းထဲက ရွာတစ်ရွာ မီးရှို့၊ လက်နက်ကြီးကြောင့် အမျိုးသမီးနှစ်ဦး သေဆုံး

စစ်အုပ်စုက ဩဂုတ် (၁၈) ရက်မှာ စစ်ကိုင်းတိုင်းထဲက ရွာတစ်ရွာ မီးရှို့၊ လက်နက်ကြီးကြောင့် အမျိုးသမီးနှစ်ဦး သေဆုံး

MFP ၊ ဩဂုတ် - ၁၉

အကြမ်းဖက်စစ်အုပ်စုဟာ ဩဂုတ်လ (၁၈) ရက် မှာ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက ကပိုင်/သီးကုန်းရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်အုပ်စုကပစ်ခတ်တဲ့ လက်နက်ကြီးကျည်ဆံ ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အမျိုးသမီးကြီးနှစ်ဦး သေဆုံးခဲ့တယ် လို့ MFP က ပြုစုထားတဲ့စာရင်းတွေအရ သိရပါတယ်။

စစ်အုပ်စုက ကပိုင်/သီးကုန်းရွာတို့ရှိ နေအိမ်တွေကို မနေ့ ညနေ (၆) နာရီလောက်မှာ မီးရှို့ဖျက်ဆီးခဲ့ပြီး ဒီနေ့ မနက်အစောပိုင်းမှာလည်း ဆက်လက်မီးရှို့ခဲ့တာဖြစ်ပါတယ်။ မီးရှို့ဖျက်ဆီးခံရတဲ့အရေအတွက်ကိုတော့ MFP အနေနဲ့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

မနေ့က စစ်အုပ်စုက လက်နတ်ကြီးနဲ့ တရစပ် ပစ်ခတ်ခဲ့လို့ ကန့်ဘလူနယ်ထဲက ကိုးတောင်ဘို့ဘူတာအနီးရှိ ဘူတာတန်းက နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီးကြီးနှစ်ယောက် သေဆုံးသွားခဲ့ပါတယ်။

စစ်ကိုင်းတိုင်းမှာ ဒီလအတွင်း စစ်အုပ်စု သ-တ်ဖြ-တ်ခဲ့တဲ့ အရပ်သားပြည်သူ (၆၀) ကျော် အထိ ရှိနေပြီဖြစ်ပြီး စစ်ကိုင်းတိုင်းအတွင်း စစ်အာဏာသိမ်းပြီးနောက် တစ်နှစ်ခွဲကျော်ကာလမှာ မီးရှို့ဖျက်ဆီးခံရတဲ့ လူနေအိမ်ပေါင်း (၁၈,၀၀၀) ကျော်အထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။

MFP အနေနဲ့ စစ်ကိုင်းတိုင်းအတွင်းက ရရှိလာတဲ့ သတင်းအချက်အလက်တွေကို အခြေခံပြုစုထားတာဖြစ်ပြီး မြေပြင်အခြေအနေနဲ့ အနည်းငယ် ကွဲလွဲမှုရှိနိုင်ပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မီးရှို့ဖျက်ဆီး #နေအိမ်မီးရှို့

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ