ကနီနယ်ထဲ သောင်းကျန်းနေတဲ့ စစ်အုပ်စုကို တိုက်ခိုက်ရာက KLG PDF တပ်ဖွဲ့ဝင် ပြည်သူ့ရဲဘော်သုံးဦး ကျဆုံး၊

ကနီနယ်ထဲ သောင်းကျန်းနေတဲ့ စစ်အုပ်စုကို တိုက်ခိုက်ရာက KLG PDF တပ်ဖွဲ့ဝင် ပြည်သူ့ရဲဘော်သုံးဦး ကျဆုံး၊

MFP၊ သြဂုတ် - ၂၈

စစ်ကိုင်းတိုင်း၊ ကနီမြိုနယ်ထဲ ရွာစဉ်ပတ်မွှေ လုယက်သောင်းကျန်း မီးရှို့နေတဲ့ စစ်အုပ်စုကို ဟန့်တား တိုက်ခိုက်ရာက တပ်ဖွဲဝင် ပြည်သူ့ရဲဘော် သုံးဦး ကျဆုံခဲ့ရတယ်လို ကနီနယ် ကျောက်လုံးကြီး တပ်မဟာ - KLG PDF က ဝမ်းနည်းကြောင်း ထုတ်ပြန်ပါတယ်။

သြဂုတ်(၂၆)ရက် ညနေ(၃)နာရီက ကနီနယ် ဇီးပင်တွင်းရွာထဲ ဝင်မွှေလုယက် မီးရှို့သောင်းကျန်းနေတဲ့ အင်အား (၂၀၀)ခန့်ပါ စစ်အုပ်စုကို ပိတ်ဆို့တိုက်ခိုက်ဖို့ သွားရောက်ချိန် မိုးသည်းထန်စွာ ရွာသွန်းပြီး ရာသီဥတု ဆိုးရွားတာကြောင့် တပ်ပြန်ဆုတ်ခဲ့စဉ် အပြန်လမ်းမှာ ချောင်းမရွာထဲ ဝင်မွှေသောင်းကျန်းနေတဲ့ စစ်အုပ်စုနှင့် ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်ကာ ရဲဘော်သုံးဦး ကျဆုံးခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲမှာ ကျဆုံးတဲ့ ရဲဘော်တွေဟာ ကျောက်လုံးကြီး တပ်မဟာ - KLG PDF ရဲ့ တပ်စိတ်မှူး ကိုဇော်ဝင်းထွန်း (ခ) အငယ်လေး (၁၈)နှစ် ၊ ကိုပြည့်ဖြိုးကျော်(ခ)ငဖြိုး (၂၇)နှစ်နှင့် ကိုအာကာမိုး (ခ)ပြည့်စုံအောင်တို့ ဖြစ်ပြီး တိုက်ပွဲချိန် မိနစ်ပိုင်းအတွင်း လက်နက်အင်အား၊ လူအင်အား မမျှတာကြောင့် ပြန်ဆုတ်ခဲ့ရတယ်လို KLG တပ်မဟာ တပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးက MFP ကို ပြောပါတယ်။

"ဇီးပင်တွင်းရွာကို မနေ့က မီးထပ်ရှိ့ခံရတယ်။ အဲဒီမှာ ကျနော်တို သွားဝိုင်းလိုက်တယ်။ ဝိုင်းလိုက်တဲ့ အချိန်မှာ မိုးတွေ အရမ်းရွာနေတော့ ကျန်တော်တို နောက်ဆုတ်လိုက်တယ်။ မိုးက တော်တော့ကို သည်းတာ။ အဲမှာ ပြန်လာတဲ့အချိန် ဒီကောင်တွေ ဘယ်လိုက ဘယ်လို ထွက်လာလိုက်လဲ မသိဘူး။ လမ်းကနေ ဖြတ်တိုက်ခိုက်ရတာ"လို ရဲဘော်သုံးဦးကျဆုံးခဲ့ရတဲ့ အခြေအနေကို KLG တပ်မဟာ ရဲဘော်က ရှင်းပြပါတယ်။

စစ်အုပ်စုရဲ့ အလစ်အငိုက် တိုက်ခိုက်ခံရချိန်မှာ KLG တပ်မဟာ ရဲဘော်တွေအနေနဲ့ မိနစ်အနည်းငယ်ကြာ ပြန်လည် ခုခံခဲ့ပေမယ့် ရာသီဥတု ဆိုးရွားပြီး လက်နက်နှင့် လူအင်အား မမျှတာကြောင့် ပြန်ဆုတ်ခဲ့ရကာ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကိုတော့ မသိရသေးဘူးလို အထက်ပါ ရဲဘော်က ဆက်ပြောပါတယ်။

ကျဆုံးသွားတဲ့ ရဲဘော်သုံးဦးရဲ့ ရုပ်အလောင်းတွေကို မနေ့က မနက်ပိုင်းမှာ ချောင်းမရွာနား သွားရောက်သယ် ဆောင်ခဲ့ပြီး ညနေပိုင်းမှာ ကောင်းမွန်စွာ မီးသဂြိုလ်ပေးခဲ့ပြီဖြစ်ကာ ဂူသွင်းခြင်းများ ဆက်လုပ်ပြုလုပ်နိုင်ဖို စီစဉ်နေတယ်လို KLG တပ်မဟာက ဆိုပါတယ်။

စစ်အုပ်စုဟာ အိမ်ခြေ (၇၀၀)ကျော်ရှိတဲ့ ဇီးပင်တွင်းးရွာကို ထင်တိုင်းကျဲ ဝင်မွှေလုယက်ပြီးနောက် မီးရှို့ဖျက်ဆီးရာ အိမ်ခြေ (၅၀)ကျော် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။

ကနီနယ် ချောင်းမရွာ တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ကျောက်လုံးကြီး တပ်မဟာ - KLG PDF က ပြည်သူ့ရဲဘော် တစ်ဦး/Photo - ပေးပို့

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကနီ #ချောင်းမ #ရွာ #KLGPDF #တိုက်ပွဲ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ