အမျိုးသမီးရဲဘော်တစ်ဦးရဲ့ ကိုယ်ပိုင်နားကပ်ကို TBK တောဆင်ရိုင်းတပ်ဖွဲ့ လေလံတင်ရောင်းချ

အမျိုးသမီးရဲဘော်တစ်ဦးရဲ့ ကိုယ်ပိုင်နားကပ်ကို TBK တောဆင်ရိုင်းတပ်ဖွဲ့ လေလံတင်ရောင်းချ

MFP ၊ ဩဂုတ် - ၅

လက်နက်ကြီးပစ္စည်းထုတ်လုပ်မှုမှာ အသုံးပြုဖို့အတွက် အမျိုးသမီးရဲဘော်တစ်ဦးရဲ့ ကိုယ်ပိုင်နားကပ်တစ်ရံကို လေလံတင်ရောင်းချမယ်လို့ သပိတ်ကျင်း TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။“ နားကပ်မှာတပ်ထားတဲ့ ကျောက်က သိပ်ပြီး တန်ဖိုးမရှိပါဘူး၊ ရွှေသားကတော့ နဲနဲထူတာပေါ့နော်၊ ဒီနားကပ်ကို ဆန္ဒပြပွဲတွေမှာရော၊ တောထဲမှာ သင်တန်းတက်ပြီးသည့် အချိန်တွေမှာရော တောက်လျှောက်ဝတ်လာခဲ့တာ၊ ဒါကြောင့်မို့ သမိုင်းကြီးတယ် “ လို့ နားကပ်ပိုင်ရှင်အမျိုးသမီးက ပြောဆိုကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီနားကပ်ကို လေလံကြမ်းခင်စျေး ကျပ်ငါးသိန်းကနေ စတင်မှာဖြစ်ပြီး စျေးအမြင့်ဆုံးပေးသူကို MOD/NUG ရဲ့ ဂုဏ်ပြုမှတ်တမ်းလွှာနဲ့အတူ ပစ္စည်းကို ဝယ်ယူသူထံ အရောက်ပို့ပေးမယ်လို့ အသိပေးထားပါတယ်။

ဒီနေ့ ဩဂုတ်လ (၅)ရက်ကနေ ဩဂုတ်လ (၂၅)ရက်အထိ ရက်ပေါင်း (၂၀)ကြာအောင် လေလံကာလအဖြစ် သတ်မှတ်ထားတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ရသမျှငွေအားလုံးကို TBK တောဆင်ရိုင်းရဲ့ လက်နက်ကြီးပစ္စည်း ထုတ်လုပ်မှုအပိုင်းမှာ ကောင်းကောင်းအသုံးပြုသွားမှာ ဖြစ်ပါတယ်လို့လည်း ပြည်သူတွေကို အသိပေးထားပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #သပိတ်ကျင်း #နားကပ်လေလံ #ပြောက်ကျားတပ်ဖွဲ့

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ