တန်ဆောင်မုန်းလပြည့်မှာ မန္တလေးမြို့အနှံ့ ဖမ်းဆီးငွေညှစ်နေတဲ့ စစ်အုပ်စုကို သုံးနေရာ ဖောက်ခွဲ၊

တန်ဆောင်မုန်းလပြည့်မှာ မန္တလေးမြို့အနှံ့ ဖမ်းဆီးငွေညှစ်နေတဲ့ စစ်အုပ်စုကို သုံးနေရာ ဖောက်ခွဲ၊

MFP ၊ နိုဝင်ဘာ - ၇

တန်ဆောင်မုန်းလပြည့်နေ့မှာ စစ်အုပ်စုက မန္တလေးမြို့အနှံ့ ပြည်သူကို ဖမ်းဆီးငွေညှစ်နေချိန် မြို့သစ်ပိုင်းက စစ်အုပ်စု စုဝေးနေတဲ့ သုံးနေရာကို ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ Anonymous Force Mdy က သတင်း ထုတ်ပြန်ပါတယ်။

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၊ (၁၃၅)လမ်းနှင့် လမ်း(၆၀)အနီးက (ဈ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၊ (၅၁)လမ်းနှင့် (၁၂၆)လမ်းအနီးက အမှတ်(၂၉)ကျောင်းထဲ အထိုင်ချနေတဲ့ စစ်အုပ်စုနှင့် (၅၈)လမ်းနှင့် (၁၂၃)လမ်းအနီးက (စ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့က စစ်အုပ်စုကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အမှတ်(၂၉)ကျောင်းထဲ စီးနင်းအထိုင်ချနေတဲ့ စစ်အုပ်စုကို ဗုံးထုတိုက်ခိုက်ရာမှာ မပေါက်ကွဲခဲ့ဘဲ ကျန်တိုက်ခိုက်မှု နှစ်ခုမှာတော့ စကစတွေ ထိခိုက်သေဆုံးမှု ရှိနိုင်တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကို ရဲဘော်တွေ လုံခြုံတဲ့နေရာအရောက်မှာ ဆက်လက် ထုတ်ပြန်မယ်လို့ ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့ Truth Keeping Force - Amarapura က ဖော်ပြပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုကို Truth Keeping Force - Amarapura ၊ Anonymous Force Mdy နဲ့ PENTAGRAM - ငါးထောင့်ကြယ် အဖွဲ့တွေ ပူးပေါင်း လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

မန္တလေးမှာ ပြည်သူကို ဖမ်းဆီးငွေညှစ်နေတဲ့ စစ်အုပ်စု/Photo - CJ

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အညာ #မြို့သစ် #တန်ဆောင်တိုင် 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ