ပြည်သူ့စစ် အမည်ခံ ပျူနှင့် သတင်းပေးတွေကို ဖက်ဆစ်တပ်က ခိုးရာပါ ပစ္စည်းအဟောင်းတွေ ခွဲဝေပေး၊

ပြည်သူ့စစ် အမည်ခံ ပျူနှင့် သတင်းပေးတွေကို ဖက်ဆစ်တပ်က ခိုးရာပါ ပစ္စည်းအဟောင်းတွေ ခွဲဝေပေး၊

MFP ၊ သြဂုတ် - ၂၀

ပြည်သူ့စစ်လို့ နာမည်ခံထားတဲ့ ပျူစောထီးနှင့် သတင်းပေးတွေကို ဖက်ဆစ်တပ်က ခိုးရာပါ ဆိုင်ကယ် အဟောင်းတွေ ခွဲဝေပေးခဲ့တယ်လို့ စစ်လော်ဘီတွေက ဓာတ်ပုံတွေနှင့်တကွ ဖော်ပြပါတယ်။

စစ်ကိုင်း၊ မကွေးနှင့် ချင်းပြည်နယ်ထဲ လက်နက်အားကိုးနှင့် ရွာစဉ်ပတ်မွှေ လုယက်သောင်းကျန်း နေတဲ့ မုံရွာမြို့ အခြေစိုက် ဖက်ဆစ်တပ်ရဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် - နမခ က ကန့်ဘလူ၊ ကလေး၊ ရွှေဘိုနှင့် ပခုက္ကူနယ်ထဲက ပြည်သူ့စစ်အမည်ခံ ပျူနှင့် သတင်းပေးတွေကို ခိုးရာပါ ဆိုင်ကယ် အဟောင်းတွေ ခွဲဝေပေးခဲ့တာလို့ ဆိုပါတယ်။

ဖက်ဆစ်တပ်ဟာ စစ်ကိုင်းနှင့် မကွေးတိုင်းထဲ ရွာစဉ်ပတ်မွှေပြီး ပြည်သူပိုင်ပစ္စည်းတွေ လုယက်ခိုးယူရာမှာ ပျူတွေကို ခေါ်ယူကာ အသုံးချပြီး လက်ရှိမှာ အဲ့ဒီ ပျူတွေကို ခိုးရာပါ ပစ္စည်းတွေ အခမ်းအနားနဲ့ ခွဲဝေပေးတာ ဖြစ်နိုင်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဖက်ဆစ်တပ်က ခိုးယူထားတဲ့ ပြည်သူပိုင်ပစ္စည်းတွေ အများအပြား ရှိတာကြောင့် ဆက်လက်ပြီးတော့လည်း ပြည်သူ့စစ်အမည်ခံ ပျူနဲ့ သတင်းပေးတွေကို ခိုးရာပါ ပစ္စည်း ခွဲဝေပေးတာမျိုးတွေ ဆက်လက် ရှိနိုင်သေးတယ်လို့ စစ်ကိုင်းတိုင်း ဒေသခံတွေက ဆိုပါတယ်။

စစ်ကိုင်းတိုင်း ကန့်ဘလူ၊ ကလေး၊ ရွှေဘိုနှင့် မကွေးတိုင်း ပခုက္ကူမြို့က ပြည်သူ့စစ် အမည်ခံ ပျူနှင့် သတင်းပေးတွေကို ဖက်ဆစ်တပ်က ခိုးရာပါ ဆိုင်ကယ်အဟောင်းတွေ ခွဲဝေပေးအပ်နေစဉ်/Photo – S

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မကွေး #ကန့်ဘလူ #ကလေး #ရွှေဘို #ပခုက္ကူ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ