မုံရွာ လဝက ရုံးမှာ လာသမျှလူ ငွေညှစ်နေတဲ့၊ မုံရွာ နန္ဒဝန်ရပ်ကွက် အုပ်ကြီး မြတ်နိုးကျော်ကို သုတ်သင်ရှင်းလင်း၊ မြတ်နိုးကျော်က မသေခင် ဗုံးနဲ့ပြန်ထုလို့ ရဲဘော်တစ်ဦး ဒဏ်ရာရ၊

မုံရွာ လဝက ရုံးမှာ လာသမျှလူ ငွေညှစ်နေတဲ့၊ မုံရွာ နန္ဒဝန်ရပ်ကွက် အုပ်ကြီး မြတ်နိုးကျော်ကို သုတ်သင်ရှင်းလင်း၊ မြတ်နိုးကျော်က မသေခင် ဗုံးနဲ့ပြန်ထုလို့ ရဲဘော်တစ်ဦး ဒဏ်ရာရ၊

MFP ၊ အောက်တိုဘာ - ၃၀

စစ်ကိုင်းတိုင်း မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်သလို၊ မုံရွာ မြို့နယ် လဝက ရုံးမှာ ကြီးစိုးသောင်းကျန်းနေပြီး လာသမျှလူ လက်ဘက်ရည်ဖိုးတောင်း ငွေညှစ်ကာ စကစဝန်ထမ်းတွေနဲ့ ခွဲယူနေတဲ့ မြတ်နိုးကျော် ဆိုသူကို မနေ့က မနက်ပိုင်းမှာ ပစ်ခတ်သုတ်သင် ရှင်းလင်းခဲ့တယ်လို့ Myingyan Black Tiger (MBT) က သတင်း ထုတ်ပြန်ပါတယ်။

အောက်တိုဘာ(၂၉)ရက် မနက်(၁၁)နာရီက မုံရွာမြို့ နန္ဒဝန်ရပ်ကွက် အုပ်ကြီး မြတ်နိုးကျော်ကို ပစ်ခတ်ရှင်းလင်းခဲ့တာ ဖြစ်ပြီး မြတ်နိုးကျော်က မသေခင် လက်ပစ်ဗုံးနှစ်လုံးနဲ့ ပြန်ထုလို့ MBT တပ်ဖွဲ့ဝင် ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာ ရတယ်လို့ ဆိုပါတယ်။

"မုံရွာမြို့နယ်၊ လဝကရုံးတွင် စစ်ကောင်စီ၏ အားကိုးရသူ ပျူစောထီး ခေါင်းဆောင်များအား အုပ်ချုပ်သူ နန္ဒဝန်ရပ်ကွက် အုပ်ချုပ်ရေးမှူး မြတ်နိုးကျော် အား အောက်တိုဘာ(၂၉)ရက် နေ့လယ်(၁၁)နာရီ ဝန်းကျင်တွင် ဝင်ရောက်ပစ်ခတ် ရှင်းလင်းခဲ့သည်။ ပစ်ခတ်မှု ဖြစ်စဉ်တွင် ပျူစောထီး ခေါင်းဆောင်များ အုပ်ချုပ်သူ မြတ်နိုးကျော်မှ လက်ပစ်ဗုံး နှစ်လုံးဖြင့် ပစ်ခတ်ခဲ့သောကြောင့် Myingyan Black Tiger (MBT)မှ ရဲဘော်တစ်ဦး လက်ပစ်ဗုံး ထိမှန်၍ ဒဏ်ရာရရှိခဲ့သည်" လို့ MBT က ဖော်ပြပါတယ်။

အောက်တိုဘာ(၂၇)ရက် ညနေ(၆)နာရီကျော်ကလည်း စစ်အုပ်စုနဲ့ ပေါင်းကာ ပြည်သူကို အနိုင်ကျင့်ရန်ပြု သောင်းကျန်းနေတဲ့ မုံရွာမြို့ ရွှေကွမ်းခြံရပ်က စစ်ကောင်စီ သတင်းပေး ပျူခေါင်းဆောင် ကျော်လင်း ဆိုသူကို Myingyan Black Tiger (MBT)နှင့် ညီနောင်မဟာမိတ် Black Dragon အဖွဲ့တို့ ပူးပေါင်းပြီး ရှင်းလင်းသုတ်သင်ခဲ့သေးတယ်လို့ MBT က ထုတ်ပြန်ပါတယ်။

မုံရွာ လဝက ရုံးက ဝန်ထမ်းတချို့ (ပုံဟောင်း)/Photo - CJ

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မုံရွာ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ