ယင်းမာပင် - ဆားလင်းကြီး ကျေးရွာပေါင်းစုံ လူထု သပိတ် ဆက်လက်ချီတက် ဆန္ဒပြ

ယင်းမာပင် - ဆားလင်းကြီး ကျေးရွာပေါင်းစုံ လူထု သပိတ် ဆက်လက်ချီတက် ဆန္ဒပြ

MFP ၊ သြဂုတ် - ၆

စစ်ကိုင်းတိုင်း ယင်းမာပင်နယ်ထဲက ရွာတစ်ရွာမှာ "လူထုတိုက်ပွဲ အရှိန် မြှင့်ကြ၊ ဘုံရန်သူကို ချေမှုန်းကြ" ဆိုတဲ့ သပိတ်ခေါင်းစဉ် နဲ့ ဒီကနေ့ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ဒီဆန္ဒပြပွဲကို ယင်းမာပင်ဆားလင်းကြီး ရွာပေါင်းစုံသပိတ် ဦးဆောင်ကော်မတီက ဒေသခံတွေနဲ့ ပူးပေါင်း စီစဉ်တာဖြစ်ပါတယ်။

May be an image of 4 people, people standing, sky and tree

May be an image of 4 people, motorcycle, tree and outdoors

စစ်ကိုင်းတိုင်းအတွင်းမှာ စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ အကြား နေရာအနှံ့အပြားမှာ နေ့စဉ် တိုက်ပွဲတွေ ဖြစ်နေသလို စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကလည်း နေ့စဉ်မပြတ် နေရာတော်တော်များမှာ ဆက်လက်ကျင်းပနေကြပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှုနိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ယင်းမာပင် #သပိတ် #လူထုဆန္ဒပြပွဲ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ