MFP၊ အောက်တိုဘာ - ၁၁
စစ်ကိုင်းတိုင်း ကသာခရိုင် ဗန်းမောက်မြိုကနယ်ထဲ ရွာစဉ်ပတ်မွှေ လုယက်ဓားပြတိုက် သောင်းကျန်းနေတဲ့ စစ်အုပ်စုနှင့် ကချင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KIA ၊ PDF ပူးပေါင်း တပ်တွေ တိုက်ပွဲ ပြင်းထန်နေပြီး စကစတွေ အသေအပျောက်များကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိတယ်လို့ ဗန်မောက် တော်လှန်ရေးအဖွဲ့ - BR Team က သတင်း ထုတ်ပြန်ပါတယ်။
ဒီနေ့ အောက်တိုဘာ(၁၁)ရက်မှာ ဗန်းမောက်မြို့နယ် နားမော်ရွာဘက်မှာ တိုက်ပွဲ ပြင်းထန်နေတာလို့ ဆိုပါတယ်။
"ရှေ့ပိုင်းရက်များမှ အထိနာသွားသော စကစတပ်များသည် တပ်ဖျောက်ထားရာမှ ယနေ့နေ့လည်ပိုင်းတွင် နားမော်ရွာဘက်သို့ စစ်ကြောင်းထိုးလာသဖြင့် KIA + PDF + ဒေသကာကွယ်ရေ းတပ်များဖြင့် တိုက်ပွဲဖြစ်ပွါးနေကြောင်း သတင်းရရှိသည်။ ယခင်ဖြစ်ပွါးခဲ့သော တိုက်ပွဲများတွင် စကစများမှ ထိခိုက်သေဆုံးမှုများစွာရှိခဲ့ပြီး လက်နက်ခဲယမ်းများကိုလဲ သိမ်းဆည်းရရှိခဲ့ပါသည်။ မိမိတို့ ပူးပေါင်းတပ်များဘက်မှ ဒဏ်ရာရရှိမှုအချို့ ရှိခဲ့ပါသည်" လို့ BR Twam က ဖော်ပြပါတယ်။
ဗန်းမောက်နယ်ထဲ တိုက်ပွဲ ပြင်းထန်နေချိန် ဟင်းရှာထွက်တဲ့ အမျိုးသမီးငယ် နှစ်ဦး မိုင်းနင်းမိကာ အသက်ဆုံးပါး ခဲ့သလို မိသားစုဝင်တချို့လည်း မိုင်းထိ ဒဏ်ရာ၇တယ်လို့ သတင်းရပေမယ့် အသေးစိတ် အခြေအနေတွေ မသိရသေးဘူးလို့ ဆိုပါတယ်။
"တိုက်ပွဲ အရှိန်မြင့်နေချိန်တွင် သူ့ဘက်ကိုယ့်ဘက် ထောင်ကြသေ ာမိုင်းများကြောင့် ထိခိုက်မှုရှိနိုင်သဖြင့် တောထဲ ဟင်းရှာခြင်း မပြုကြပါရန် နီးစပ်ရာများက သတိပေး ပြောကြားစေလိုပါသည်" လို့ BR TEAM က ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင် ဗန်းမောက်မြို့နယ်၊ စီးမော်နှင့် တောင်ကြီးရွာတွေ တဝိုက်မှာ စစ်အုပ်စုနှင့် KIA ၊ PDF ပူးပေါင်း တပ်တွေ သုံးရက်ဆက် တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ရာ စစ်အုပ်စုက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့သလို စီးမော်ရွာကို ဝင်မွှေလုယက် မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ BT Team ကဆိုပါတယ်။
အောက်တိုဘာ (၄)ရက်က စတင်ပြီး အင်းတော်ကနေ တက်လာတဲ့ အင်အား (၁၇၀)ခန့်ပါ စစ်အုပ်စုနှင့် ရှမ်းပြည်နယ် ဘက်ကလာတဲ့ စစ်အုပ်စု ပေါင်ပြီး စုစုပေါင်း စကစ အင်အား (၃၀၀)ကျော်နဲ့ ဗန်းမောက်မြို့နယ်၊ စီးမော်နှင့် တောင်ကြီးရွာတွေဘက် ဝင်မွှေ သောင်းကျန်းလာလို့ KIA နှင့် ကသာခရိုင် PDF တပ်ရင်း (၂) (အင်းတော်၊ ဗန်းမောက်) ပူးပေါင်း တပ်ဖွဲ့တွေက တိုက်ခိုက်နေတာလို့ ဆိုပါတယ်။
စီးမော်ရွာ တိုက်ပွဲအတွင်း စကစတွေ ထိခိုက်သေဆုံးမှု များပြီး ဒရုန်း အပါအဝင် လက်နက်ခဲယမ်းအချို သိမ်းဆည်း ရရှိထားတယ်လို ကစာခရိုင် တပ်ရင်း(၂) ရဲဘော်က ပြောပေမယ့် အရေအတွက် အတိအကျ မသိရသေးပါဘူး။
ဒါ့အပြင် အောက်တိုဘာ(၄)ရက် ညပိုင်းကလည်း KIA+PDF ပူးပေါင်းတပ်တွေက ဗန်းမောက်ရဲစခန်းကို စီးနင်း ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စကစ သစ္စာခံ ရဲ(၁၄)ယောက် ဒဏ်ရာရတယ်လို့ ဗန်းမောက် တော်လှန်ရေးအဖွဲ့ - BR Team က ဖော်ပြပါတယ်။
တိုက်ပွဲအတွင်း အထိနာ အသေများနေတဲ့ စစ်အုပ်စုက ပြည်သူကို ရန်ပြု သောင်းကျန်းနေလို့ ဒေသခံတွေသတိပြုနေထိုင်ကြဖို့နှင့် ဘေးလွတ်ရာ ရှောင်တိမ်းနေထိုင်ကြဖို့၊ စစ်ရှောင်ပြည်သူတွေကို ပြည်သူအချင်းချင်းက ရိုင်းပင်း ကူညီပေးကြဖို့ ဒေသခံတွေ အချင်းချင်း တိုက်တွန်း သတိပေးနေကြပါတယ်။
ဗန်းမောက်တိုက်ပွဲအတွင်း သိမ်းဆည်း ရရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေ/Photo - BR Team
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဗန်းမောက် #အင်းတော် #KIA #PDF #ကသာ
ဗန်းမောက်နယ်ထဲ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး စကစတွေ အသေအပျောက်များကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ၊
Featured
သြဂုတ်လ 25, 2024
သြဂုတ်လ 17, 2024
ဇွန်လ 23, 2024