မုံရွာမှာ စကစ တစ်ဖွဲ့က ယတြာချေ အလှူလုပ်ပြီး နောက်တစ်ဖွဲ့က မြို့ပြင်က ရွာတွေကို ဝင်မွှေလုယက်၊

မုံရွာမှာ စကစ တစ်ဖွဲ့က ယတြာချေ အလှူလုပ်ပြီး နောက်တစ်ဖွဲ့က မြို့ပြင်က ရွာတွေကို ဝင်မွှေလုယက်၊

MFP ၊ နိုဝင်ဘာ - ၇

စစ်ကိုင်းတိုင်း မုံရွာမြို့မှာ ဒီနေ့ တန်ဆောင်မုန်းလပြည့် နေ့လည်ပိုင်း စစ်အုပ်စု တစ်စုက မြို့ပေါ်မှာ ယတြာချေ အလှုပ်လုပ်ပြီး တခြား စစ်အုပ်စု တစ်စုက မြို့ပြင်က ရွာတွေကို စီးနင်းဝင်မွှေ ဓားပြတိုက် လုယက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မုံရွာမြို့ အခြေစိုက် စစ်ကိုင်းတိုင်း စစ်ကောင်စီဥက္ကဌ မြတ်ကျော်နဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး သန်းထိုက်တို့ ဦးဆောင်တဲ့အဖွဲ့ဟာ ဒီမနက်ပိုင်း မုံရွာမြို့ ရာပြည့်ကပ်ကျော်ဘုရားမှာ ဘုန်းကြီး အပါး(၁၀၀၀)ကို ယတြာချေ အလှူလုပ်နေချိန် မုံရွာမြို့တောင်ဘက်က ကျေးရွာတွေကိုလည်း စစ်အုပ်စုက စီးနင်းဝင်မွှေ ဓားပြတိုက်လုယက်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်အုပ်စုဟာ မနေ့က ညနေပိုင်းမှာ မုံရွာမြို့ တောင်ဘက်က လင်းပင်ဝ၊ လင်းပိုး၊ မအူ စတဲ့ ရွာတွေထဲ ထင်တိုင်းကျဲ ဖောက်ထွင်းလုယက် သောင်းကျန်းခဲ့ကာ ဒီနေ့မှာတော့ ကြာပိုင်ရွာထဲ စီးနင်းဝင်မွှေပြီး အိမ်ကြီးအိမ်ကောင်းတွေ၊ ဈေးဆိုင်တွေကို ဖောက်ထွင်းခိုးယူ လုယက် ခဲ့တယ်လို့ ဆိုပါတယ်။

"ကြာပိုင်ကျေးရွာရှိ သူဌေးအိမ်များ၊ ဈေးဆိုင်များကို ဓားပြတိုက် လုယက် နေ" လို့ ဒီနေ့ တန်ဆောင်မုန်းလပြည့် ညနေပိုင်း မုံရွာမြို့တောင်ဘက်က ကြာပိုင်ရွာထဲ စစ်အုပ်စု ဝင်မွှေလုယက် ဓားပြတိုက်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မုံရွာ - အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးက ဖော်ပြပါတယ်။

စစ်အုပ်စုဟာ မနေ့က ညနေပိုင်း ရွှေစုံ၊ လင်းပိုး၊ လင်းပင်ဝ၊ မအူရွာ စတဲ့ မုံရွာမြို့အနီးက ရွာတွေထဲ စီးနင်းဝင်မွှေ သောင်းကျန်းပြီး ဒေသခံပြည်သူ (၅၀)ကျော်ကို ဖမ်းဆီးကာ ခြေဖျားထောက်၊ လက်ထောက် (ဒိုက်ထိုးအနေထား) နေခိုင်းပြီး ဒူးနှင့်ဗိုက် မြေထိတာနဲ့ နောက်ကနေ ဝါယာကြိုးနှင့်.ရိုက်ကာ ညှဉ်းပန်းကြောင်း၊ ပြည်သူတွေ ချက်ပြုတ်ထားတဲ့ ထမင်းဟင်းတွေ ခိုးယူ စားသောက်ကာ တစ်ရွာလုံးက နေအိမ်တွေကို ဖောက်ထွင်းလုယက် မွှေနှောက်ခိုးယူခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်အုပ်စုရဲ့ ဖမ်းဆီးညှဉ်းပန်းခံရသူတွေထဲ မအူရွာက အသက်(၂၀)ကျော်အရွယ် အမျိုးသားတစ်ဦးကို ပြန်လွှတ်မပေးသူဘူးလို့လည်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးက ဖော်ပြပါတယ်။

စစ်အုပ်စုဟာ နိုဝင်ဘာ(၃)ရက်က စတင်ပြီး မုံရွာမြို့နယ်ထဲက နဂါးတွင်းရွာ၊ တဲတိုက်ရွာ၊ ဂျိုးစုရွာ၊ ချမ်းသာကျွန်းရွာ၊ ရန်နိုင်ကျွန်းရွာ၊ ဆူးလေကုန်းရွာ၊ ကိုးရှင်းကျွန်းရွာ၊ ထန်းလေးပင်ရွာ၊ ထနောင်းတောမြောက်ရွာ၊ ထနောင်းတောတောင်ရွာ၊ လင်းပင်ဝရွာ၊ မအူရွာ၊ ကြာပိုင်ရွာ စတဲ့ရွာတွေထဲ စီးနင်းဝင်မွှေ သောင်းကျန်းကာ လူသတ်၊ လုယက်၊ ဓားပြတိုက် အိမ်မီးရှို့၊ ဖမ်းဆီးငွေညှစ်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတာ ဖြစ်ပါတယ်။

မုံရွာမြို့ပေါ်မှာ ယတြာချေ အလှူလုပ်နေတဲ့ စစ်အုပ်စုနှင့် မုံရွာမြို့ပြင်က ရွာတွေကို စစ်အုပ်စု ဝင်မွှေလုယက် ဓားပြတိုက်ကာ ပြည်သူတွေကို ညှဉ်းပန်းထားစဉ်/Photo - S

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အညာ #မုံရွာ #ဆားလင်းကြီး #BDF

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ