မြင်းခြံနယ် ငါန်းဇွန် - ငါန်းမြာလမ်းမှာ စစ်ကားတန်းကို မိုင်းဆွဲရာ စကစ ကိုးယောက်သေ၊ မိုင်းမိပြီး ပျက်စီးသွားတဲ့ကားတစ်စီးကို လမ်းဘေး ရပ်ထားခဲ့ဟုဆို၊

မြင်းခြံနယ် ငါန်းဇွန် - ငါန်းမြာလမ်းမှာ စစ်ကားတန်းကို မိုင်းဆွဲရာ စကစ ကိုးယောက်သေ၊ မိုင်းမိပြီး ပျက်စီးသွားတဲ့ကားတစ်စီးကို လမ်းဘေး ရပ်ထားခဲ့ဟုဆို၊

MFP ၊ အောက်တိုဘာ - ၁၂

မန္တလေးတိုင်း မြင်းခြံနယ်၊ ငါန်းဇွန် - ငါန်းမြာလမ်းမှာ အောက်တိုဘာ(၁၀)ရက် ညပိုင်းက စစ်အုပ်စု ယာဉ်တန်းကို ပဒေသာမိုင်း ခုနှစ်လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စကစ ကိုးယောက် ထက်မနည်း သေတယ်လို့ မြင်းခြံခရိုင် တပ်ရင်းအမှတ် (၆) နောင်ရိုး အထူးပြောက်ကျားတပ် - NYSGF က သတင်း ထုတ်ပြန်ပါတယ်။

အောက်တိုဘာ(၁၀)ရက် ည(၉)နာရီခွဲက မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့က ထွက်လာတဲ့ စစ်ကားငါးစီးကို ငါန်းမြာ - ငါန်းဇွန် ကားလမ်း၊ နတ်ကြီးရွာနှင့် ကုန်းလည်ရွာကြားမှာ နောင်ရိုး အထူးပြောက်ကျားတပ်-NYSGF နှင့် မြင်းခြံခရိုင်တပ်ရင်း အမှတ် (၁) 27 Revolution Force တို့ မဟာမိတ်ညီနောင် နှစ်ဖွဲ့ ပူးပေါင်းပြီး မိုင်းဆွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"စခအကောင်ရေ အများဆုံးပါသော ကားအား ရွေးပြီး ပဒေသာမိုင်း ခုနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စခကားကြီး နှစ်စီး ဒဲ့ထိမှန်ခဲ့ပြီး တစ်စီးမှာ လမ်းဘေးသို့ ထိုးကျ ပျက်စီးသွားခဲ့ကာ စခ ကိုးကောင်ငရဲပြည် ပို့နိုင်ခဲ့ပြီး ဒဏ်ရာရရှိမှု အရေအတွက် များပြားခဲ့သည်။ ပြည်သူချစ်သော ကျွန်ုပ်တို့ ပြောက်ကျားရဲဘော်များမှာ အထိအခိုက်မရှိ ဘေးကင်းလုံခြုံစွာဖြင့် ဌာနေသို့ ပြန်လည်ဆုတ်ခွာ လာနိုင်ခဲ့ပါသည်" လို့ နောင်ရိုး အထူးပြောက်ကျားတပ်-NYSGF က ဖော်ပြပါတယ်။

စစ်ကား ငါးစီးနှင့် ဆိုင်ကယ် ခုနှစ်စီးပါ စစ်ယာဉ်တန်း မိုင်းဆွဲခံရတာ ဖြစ်ပြီး မိုင်းဆွဲခံရပြီးနောက် စစ်အုပ်စုက ရမ်းကားပစ်ခတ် သောင်းကျန်းနေသလို မိုင်းထိ ပျက်စီးသွားတဲ့ကားကို မိုင်းဆွဲခံရတဲ့ နေရာမှာပဲ ထားခဲ့ကာ စစ်အုပ်စုက သာကျင်ရွာ စာသင်ကျောင်းထဲ ဝင်သွားတယ်လို့ ဆီမီးခုံသတင်းက ဖော်ပြပါတယ်။

အဲ့ဒီ မိုင်းဆွဲ တိုက်ခိုက်မှုဟာ "စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ငါးပတ်ချောင်းကျေးရွာ လေကြောင်းတိုက်ခိုက်မှုအတွက် လက်တုံ့ပြန်ခြင်း ဖြစ်ပါသည်" လို့ 27 Revolution Force - မြင်းခြံက ဖော်ပြပါတယ်။

စစ်အုပ်စုဟာ ငါန်းဇွန်၊ မြင်းခြံနယ်ထဲ ရွာစဉ်ပတ်မွှေ လုယက် ဧဓားပြတိုက် သောင်းကျန်းနေပြီး လူသတ်၊ ငွေညှစ်၊ အိမ်မီးရှို့တာတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #နောင်ရိုးအထူးပြောက်ကျားတပ်-NYSGF

#27_Revolution_Force #မြင်းခြံ #ငါန်းဇွန် 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ