မကဒတ ဖွဲ့စည်းတည်ထောင်ခြင်း (၃၄)နှစ်မြောက် အခမ်းအနား မကဒတ (မြောက်ပိုင်း)မှာ ကျင်းပ၊

မကဒတ ဖွဲ့စည်းတည်ထောင်ခြင်း (၃၄)နှစ်မြောက် အခမ်းအနား မကဒတ (မြောက်ပိုင်း)မှာ ကျင်းပ၊

MFP ၊ နိုဝင်ဘာ - ၁

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး - မကဒတ (ကျောင်းသားတပ်မတော်) ဖွဲ့စည်းတည်ထောင်ခြင်း (၃၄)နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို ဒီနေ့ နိုဝင်ဘာ(၁)ရက် မနက်ပိုင်းက မကဒတ မြောက်ပိုင်း - ဂျန်တွထုံလခွမ်းဘွမ်မှာ ကျင်းပခဲ့တယ်လို့ မကဒတ က သတင်း ထုတ်ပြန်ပါတယ်။

၁၉၈၈ လူထု အရေးတော်ပုံကြီးက ပေါ်ထွက်လာတဲ့တဲ့ ကျောင်းသားတပ်မတော် - မကဒတ ဟာ ဒီနေ့ နိုဝင်ဘာ(၁)ရက်မှာ ဖွဲ့စည်းတည်ထောင်ခြင်း (၃၄)နှစ်ပြည့် မြောက်ပြီ ဖြစ်ပါတယ်။

(၃၄)နှစ်တာ တော်လှန်ရေးကာလအတွင်း မကဒတ ရဲဘော် (၇၆၄)ဦး ကျဆုံးခဲ့ကာ (၄၀၁)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ မကဒတ - ကျောင်းသားတပ်မတော်ကို မျိုးဆက်သစ် ရဲဘော်တွေနဲ့ လေ့ကျင့်မှု၊ စုဖွဲ့မှုတွေ လုပ်ဆောင်ပြီး မဟာမိတ်တွေနဲ့ ပူးပေါင်းကာ နွေဦးတော်လှန်ရေးမှာ ဆက်လက် တိုက်ပွဲဝင်နေတယ်လို့လည်း မကဒတ က ထုတ်ပြန်ပါတယ်။

"လူမျိုးပေါင်းစုံ တော်လှန်ရေးမှသည် ဖက်ဒရယ် ဒီမိုကရက်တစ် ပြည်ထောင်စု မုချ ပေါ်ထွန်းစေရမည်" လို့ မကဒက က ဖော်ပြပါတယ်။

မကဒတ ရဲ့ (၃၄)နှစ်ပြည့် နှစ်ပါတ်လည်နေ့ကို အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) အပါအဝင် နိုင်ငံရေးပါတီတွေ၊ တော်လှန်ရေးတပ်ဖွဲ့တွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ၊ သပိတ်ကော်မတီတွေကကလည်း ဂုဏ်ပြု သဝဏ်လွှာတွေ ပေးပို့ခဲ့ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မကဒတ #ABSDF #ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး #ကျောင်းသားတပ်မတော်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ