ကန့်ဘလူမှာ စစ်အုပ်စုက စစ်ပြေးပြည်သူတွေကို လိုက်လံ ရန်ပြုနေလို့ ပြည်သူတွေ ထပ်မံ နေရာပြောင်းရွှေ့ ထွက်ပြေးနေရ၊

ကန့်ဘလူမှာ စစ်အုပ်စုက စစ်ပြေးပြည်သူတွေကို လိုက်လံ ရန်ပြုနေလို့ ပြည်သူတွေ ထပ်မံ နေရာပြောင်းရွှေ့ ထွက်ပြေးနေရ၊

MFP ၊ အောက်တိုဘာ - ၇

စစ်ကိုင်းတိုင်း ကန့်ဘလူနယ်တွေထဲ လက်နက်အားကိုးနှင့် ထင်တိုင်းကျဲ လုယက် သတ်-ဖြတ် သောင်းကျန်းနေတဲ့ စစ်အုပ်စုဟာ စစ်ပြေးပြည်သူတွေ ရှိရာ တောတိုက်တွေထဲအထိ လိုက်လံ ရန်ပြု သောင်းကျန်းနေလို့ ပြည်သူတွေ ထပ်မံ နေရာပြောင်းရွှေ့ ထွက်ပြေးနေရတယ်လို့ ကျွန်းလှ တက်ကြွ လှုပ်ရှားသူများအဖွဲ့က ဖော်ပြပါတယ်။

ဒီနေ့ အောက်တိုဘာ(၇)ရက် မနက်(၇)နာရီမှာ ကန့်ဘလူနယ်၊ သင်တောရွာနှင့် ဇော်ချောင်းရွာက စစ်ပြေးပြည်သူတွေ သွားရောက်ခိုလှုံနေတဲ့ အောက်တဲရွာဘက် စစ်အုပ်စု ဝင်မွှေ သောင်းကျန်းလို့ စစ်ပြေးပြည်သူတွေ ဘေးဘလွတ်မယ်ထင်တဲ့နေရာတွေကို ထပ်မံ ထွက်ပြေးနေရတာလို့ ဆိုပါတယ်။

“စစ်ကြောင်း ထိုးလာတာကြောင့် တောထဲတိုက်တွေမှာ တိမ်းရှောင်နေကြတဲ့ သင်တောနှင့် ဇော်ချောင်းရွာမှ စစ်ဘေးရှောင် ပြည်သူအချို့ ဘေးလွတ်ရာ ထပ်မံ ပြေးလွှားနေရ” လို့ ကျွန်းလှတက်င်္ကြ လှုပ်ရှားသူများအဖွဲ့က ဖော်ပြပါတယ်။

စစ်အုပ်စုဟာ မနေ့က အောက်တိုဘာ(၆)ရက်မှာ ကန့်ဘလူမြို့နယ် မြောက်ခြမ်း၊ ဇော်ချောင်းရွာထဲ လေးကြိမ်မြောက် ဝင်မွှေလုယက် မီးရှို့ခဲ့ပြီး ပြည်သူတွေ ရွာလုံးကျွတ် ထွက်ပြေးနေရလို့ ပျက်စီးမှု အခြေအနေ အသေးစိတ်ကို မသိရသေးဘူးလို့ ဆိုပါတယ်။ ဇော်ချောင်းရွာမှာ အိမ်ခြေ (၁၈၀)ကျော် ရှိပြီး စစ်အုပ်စု အကြိမ်ကြိမ် လုယက် မီးရှို့လို့ စုစုပေါင်း အိမ်ခြေ (၉၇)လုံး မီးလောင်ပြာကျခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

မနေ့က ဇော်ချောင်းရွာထဲ ဝင်မွှေလုယက် မီးရှို့တဲ့ စစ်အုပ်စုဟာ ခြေမြန်တပ်ရင်း - ခမရ(၃၆၃) ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကန့်ဘလူမြို့နယ် မြောက်ခြမ်း သင်တောနှင့် ဇော်ချောင်းရွာက စစ်ပြေးပြည်သူတွေကို စစ်အုပ်စုက လိုက်လံ ရန်ပြု သောင်းကျန်းနေလို့ ပြည်သူတွေ ထပ်မံ နေရာပြောင်းရွှေ့ ထွက်ပြေးနေရစဉ်/Photo - ကျွန်းလှ တက်ကြွ လှုပ်ရှားသူများအဖွဲ့

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကန့်ဘလူ #ဇော်ချောင်း #သင်တော #ကျွန်းလှ #စစ်ပြေး #ပြည်သူ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ