စစ်ကိုင်းတိုင်းမှာ စစ်အုပ်စုက (၁၀)ရက်အတွင်း ရွာ(၁၀)ရွာကို မီးရှို့ဖျက်ဆီး၊ ပြည်သူ ခြောက်ဦးကို သ-တ်-ဖြတ်၊

စစ်ကိုင်းတိုင်းမှာ စစ်အုပ်စုက (၁၀)ရက်အတွင်း ရွာ(၁၀)ရွာကို မီးရှို့ဖျက်ဆီး၊ ပြည်သူ ခြောက်ဦးကို သ-တ်-ဖြတ်၊

MFP ၊ စက်တင်ဘာ - ၁၂

စစ်ကိုင်းတိုင်းထဲ လက်နက်အားကိုးနှင့် ရွာစဉ်ပတ်မွှေ သောင်းကျန်းနေတဲ့ စစ်အုပ်စုဟာ စက်တင်ဘာ(၁)ရက်ကနေ (၁၀)ရက်အထိ (၁၀)ရက်တာကာလအတွင်း မြို့နယ် ခုနှစ်မြို့နယ်က ကျေးရွာ (၁၀)ရွာကို ဝင်မွှေလုယက် မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

MFP က ပြုစုထားတဲ့ စာရင်းတွေအရ စစ်အုပ်စု မီးရှို့ဖျက်ဆီးလို့ အဲ့ဒီ ကျေးရွာ(၁၀)ရွာက အနည်းဆုံး နေအိမ် အလုံး(၁၅၀) နီးပါး မီးလောင်ပြာကျခဲ့ပါတယ်။

ဒါ့အပြင် ယခု စက်တင်ဘာ (၁၀)ရက်အတွင်း စစ်အုပ်စုက ဒေသခံ အရပ်သားပြည်သူ ခြောက်ဦးကိုလည်း သ-တ်-ဖြ-တ်ခဲ့ပါတယ်။

စစ်အာဏာသိမ်းချိန်ကနေ ဒီကနေ့အထိ စစ်ကိုင်းတိုင်းအတွင်း စစ်အုပ်စုက မီးရှို့ဖျက်ဆီးလို့ အနည်းဆုံး နေအိမ် အလုံး (၂၁,၀၀၀) မီးလောင်ပြာကျ ခဲ့ပါတယ်။

ယခု ဖော်ပြတဲ့ အချက်အလက်တွေဟာ MFP က ရရှိထားတဲ့ အချက်အလက်တွေအပေါ် အခြေခံ ပြုစုထားတာ ဖြစ်ပြီး မြေပြင်အခြေအနေနဲ့ အနည်းငယ် ကွဲလွဲမှု ရှိနိုင်ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အိမ် #ရွာ #မီးရှို့ #ပြည်သူ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ