မြင်းခြံ - နဘူးအိုင်လမ်းမှာ စစ်ကားကို မိုင်းဆွဲရာ စကစ လေးယောက် သေ ဟုဆို၊

မြင်းခြံ - နဘူးအိုင်လမ်းမှာ စစ်ကားကို မိုင်းဆွဲရာ စကစ လေးယောက် သေ ဟုဆို၊

MFP ၊ နိုဝင်ဘာ - ၈

မန္တလေးတိုင်း မြင်းခြံမြို့နယ်၊ မြင်းခြံ - နဘူးအိုင်လမ်းမှာ နိုဝင်ဘာ (၆) ရက်က စစ်ကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စကစ လေးယောက် သေတယ်လို့ ရွှေခြံသား ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံမြို့နယ်) က သတင်း ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ(၆)ရက် နေ့လယ်(၁၂)နာရီက နဘူးအိုင်ဘက်ကနေ မြင်းခြံမြို့ကို လာတဲ့ စစ်ကားတစ်စီးကို ထန်းတောကြီးရွာ အနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ကားပေါ်ပါလာတဲ့ စကစ လေးယောက် သေကာ ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ပြည်သူတွေအနေနဲ့ မြင်းခြံလမ်းပေါ်မှာ စစ်အုပ်စုယာဉ်တန်းတွေနဲ့ ကပ်မလိုက်ကြဖို့ကိုလည်း သတိပေးထားပါတယ်။

ရွှေခြံသားပြောက်ကျားတပ်ဖွဲ့ဟာ မြင်းခြံခရိုင်ထဲက မဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ Natogyi People Defence Force ၊ နဂါးနီပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)တို့နဲ့အတူ ဩဂုတ်၊ စက်တင်ဘာနဲ့ အောက်တိုဘာ လအတွင်း မိုင်း (၁၅၀) စစ်ဆင်ရေး လုပ်ဆောင်ခဲ့ပြီး အဲဒီစစ်ဆင်ရေးအတွင်း စစ်ကောင်စီ သစ္စာခံ (၅၂) ယောက်ကို ငရဲပို့နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မြင်းခြံ #နဘူးအိုင်လမ်း #မိုင်းဆွဲတိုက်ခိုက်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ