မန္တလေးတိုင်း PDF ရဲဘော်တွေ လစာငွေ တစ်လ တစ်သောင်းကျပ် စတင် ရရှိ၊

မန္တလေးတိုင်း PDF ရဲဘော်တွေ လစာငွေ တစ်လ တစ်သောင်းကျပ် စတင် ရရှိ၊

MFP ၊ ဩဂုတ် - ၅

ပြည်သူ့ကာကွယ်ရေးတပ်မတော်- မန္တလေး (MDY-PDF) - မန္တလေးတိုင်း PDF က ရဲဘော်တွေအနေနဲ့ အများပြည်သူရဲ့ ထောက်ပံ့လှူဒါန်းငွေနဲ့ လစဉ် အိတ်ဆောင် ပိုက်ဆံအဖြစ် တစ်လလျှင် ကျပ်တစ်သောင်း ရရှိတယ်လို့ မန္တလေးတိုင်း PDF က သတင်း ထုတ်ပြန်ပါတယ်။

“ရဲဘော်များအတွက် ပြည်သူများမှ ပေးပို့လှူဒါန်းသော အလှူငွေများဖြင့် လစဉ်အိတ်ဆောင် ပိုက်ဆံများ ဝေငှပေး နိုင်ခဲ့သည်မှ နှစ်လတိုင်တိုင် ရှိခဲ့ပါပြီ ။ ရဲဘော်တစ်ဦးလျှင် တစ်သောင်းကျပ်နှုန်းဖြင့် ဖြန့်ဝေပေးခဲ့ခြင်း ဖြစ်ပါတယ်” လို့ မန္တလေးတိုင်း PDF က ဖော်ပြပါတယ်။

ငွေပမာဏ နည်းပေမယ့် မန္တလေးတိုင်း PDF ရဲဘော် အားလုံးကို ဖြန့်ဝေးပေးတာ ဖြစ်ပြီး အဲ့ဒီ အိတ်ဆောင်ပိုက်ဆံတွေဟာ ပြည်သူလူထုထံကနေ စီးဝင်လာတဲ့ငွေ ဖြစ်တဲ့အတွက် “ပြည်သူနှင့် PDF အကြား တော်လှန်ရေး ဝတ်မှုံကူးခြင်း” လည်း ဖြစ်တယ်လို့ မန္တလေးတိုင်း PDF က ဆိုပါတယ်။

“ပြည်သူများအနေဖြင့်လည်း မိမိတို့ လှူဒါန်းလိုက်သော အလှူငွေများဟာ PDF ရဲဘော်များထံ လက်ဝယ် လက်ရောက် ရောက်ရှိသွားတာကို မြင်ပြီး ပီတိဖြစ်နိုင်သလို ကျွန်တော်တို့ PDF ရဲဘော်များအနေဖြင့်လည်း နောက်ကျောမှာ ပြည်သူလူထု တရပ်လုံး ရှိတယ်လို့ ခံစားရတဲ့အတွက် အင်မတန်မှကို စိတ်နွေးရပါတယ်” လို့ မန္တလေးတိုင်း PDF က ဖော်ပြပါတယ်။

မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်အစပ် နောင်ချိုနယ်ထဲမှာ ယခုရက်ပိုင်းအတွင်း မန္တလေးတိုင်း PDF နှင့် စစ်အုပ်စုကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

လစဉ် အိတ်ဆောင်ပိုက်ဆံ တစ်လတစ်သောင်းကျပ် ရရှိတဲ့ မန္တလေးတိုင်း PDF - ပြည်သူ့ကာကွယ်ရေးတပ်မတော်- မန္တလေး (MDY-PDF) ရဲဘော်တွေ/Photo - မန္တလေးတိုင်း PDF

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှုနိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #PDF #လစာ #ရဲဘော်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ