MFP ၊ ဩဂုတ် - ၂၄
မန္တလေးမြို့မှာ အခုရက်ပိုင်း အရင်ကထက်ပိုပြီး စစ်အုပ်စုရဲ့ အစစ်အဆေးကြမ်းနေသလို စာရွက်၊ ဓာတ်ပုံတွေနဲ့ တိုက်ဆိုင်စစ်ဆေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ခရီးသွားပြည်သူတွေကို လမ်းပေါ်တက် စစ်ဆေးငွေညှစ်တာတွေ လုပ်ဆောင်နေတဲ့ စစ်အုပ်စုဟာ အခုရက်ပိုင်းမှာ ဆိုင်ကယ်တူးဘောက်တွေအပြင် အထုပ်တွေ၊ အိတ်တွေကိုပါ ဖွင့်စစ်ဆေးတာ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
“ တစ်ချို့နေရာတွေဆို ဆိုင်ကယ်တွေကို ဆင်းတွန်းခိုင်းတယ်၊ တူးဘောက်ဖွင့်ပြရတယ်၊ မြို့အဝင်အထွက်ဘက်မှာတော့ လိုင်းကားတွေပါ ပိုစစ်နေတယ်လို့ ကြားရတယ် “ လို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။
စစ်ဆေးတဲ့နေရာတွေလည်း ယခင်ကထက် နေရာပိုများပြားလာတယ်လို့ သူက ရှင်းပြပါတယ်။
ဒါ့အပြင် တံတားဦးမြို့နယ်ထဲမှာ PDF သင်တန်းဆင်း (၇)ယောက် ရောက်လာပြီး အိမ်ငှါးနေထိုင်မယ်ဆိုလို့ သတင်းတွေ ထွက်ပေါ်နေတဲ့အတွက် မြို့ပေါ်က အုပ်ချုပ်ရေးမှူးတွေဆီ စစ်အုပ်စုဘက်က စာတွေပေးပို့ အကြောင်းကြားထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
တံတားဦးမြို့ဝန်းကျင်မှာလည်း အရင်ကထက် စစ်အုပ်စုရဲ့ စစ်ဆေးမှုတွေ ပိုများနေတယ်လို့ မြို့ခံတစ်ဦးက ဆိုပါတယ်။
ဒီနေ့ မန္တလေးမြို့ပေါ်မှာတွေ့ရတဲ့ စစ်အုပ်စု/ ဓာတ်ပုံ - VOMDY
( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #စစ်ဆေးငွေညှစ် #တံတားဦး #PDF
မန္တလေးမှာ စစ်အုပ်စုက စာရွက်၊ ဓာတ်ပုံနဲ့ တိုက်ဆိုင်စစ်ဆေးနေ၊ တံတားဦးမှာ PDF တွေအိမ်ငှါးမယ်ဆိုလို့ အုပ်ကြီးတွေကို စာပို့ထား
Featured
သြဂုတ်လ 25, 2024
သြဂုတ်လ 17, 2024
ဇွန်လ 23, 2024