MFP ၊ စက်တင်ဘာ - ၁၉
မန္တလေးမြို့ ၊ အမရပူရမြို့နယ်၊ စစ်ကိုင်း-မြစ်ငယ်လမ်းမှာ ဒီနေ့ စက်တင်ဘာ (၁၉) ရက် မနက် (၉)နာရီခွဲက စစ်ကားတစ်စီစ လှည့်နေချိန် အဝေးထိန်းမိုင်း နှစ်လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ မြစ်ငယ် MN PDF တာဝန်ရှိသူက ပြောပါတယ်။
“ ထိခိုက်မှု စုံစမ်းနေပါတယ်၊ ADVan အိမ်စီးကားနဲ့ ကင်းပတ်ချိန် အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခဲ့တာပါ၊ ကားရပ်သွားပြီး ကားအောက်မှာ မိုင်းစတွေ တွေ့ရပါတယ် “ လို့ MN PDF တာဝန်ရှိသူ ဗိုလ်ဖောင်းဒိုင်းက MFP ကို ပြောပါတယ်။
မြစ်ငယ်က စစ်ကိုင်းဘက်ကိုသွားတဲ့ လမ်းလယ်ကျွန်း သစ်ပင်အောက်မှာ လက်လုပ်မိုင်းပေါက်ကွဲပြီး လူထိခိုက်တာမရှိဘူးလို့ စစ်အုပ်စုဘက်က သတင်းဖြန့်ပါတယ်။
မြစ်ငယ်မြို့အနီး သွားလာနေတဲ့ စစ်အုပ်စု ကားတစ်စီး (ပုံဟောင်း) /Photo - CJ
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #စစ်ကိုင်း_မြစ်ငယ်လမ်း #မိုင်း
စစ်ကိုင်း - မြစ်ငယ်လမ်းပေါ် လှည့်နေတဲ့ စစ်ကားကို အဝေးထိန်းမိုင်း နှစ်လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်
Featured
သြဂုတ်လ 25, 2024
သြဂုတ်လ 17, 2024
ဇွန်လ 23, 2024