ရန် - မန်း လမ်းဟောင်း ဝမ်းတွင်းနယ်မှာ စစ်ကားနှစ်စီးကို မိုင်းဆွဲ၊ စကစ လေးယောက်သေ၊ (၁၂)ယောက် ဒဏ်ရာရ၊

ရန် - မန်း လမ်းဟောင်း ဝမ်းတွင်းနယ်မှာ စစ်ကားနှစ်စီးကို မိုင်းဆွဲ၊ စကစ လေးယောက်သေ၊ (၁၂)ယောက် ဒဏ်ရာရ၊

MFP ၊ သြဂုတ် - ၁၃

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ရန်ကုန် - မန္တလေး လမ်းဟောင်းပေါ်မှာ ဒီမနက်ပိုင်း အကြမ်းဖက် စစ်အုပ်စုရဲ့ ကားနှစ်စီးကို မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စကစ လေးယောက်သေပြီး (၁၂)ယောက် ဒဏ်ရာရတယ်လို့ ဝမ်းတွင်းမြို့နယ် တော်လှန်ရေးတပ်ဖွဲ့ - WTRF က သတင်း ထုတ်ပြန်ပါတယ်။

ဒီနေ့ သြဂုတ်(၁၃)ရက် မနက်(၉)နာရီဝန်းကျင်က ရန်ကုန်- မန္တလေး လမ်းဟောင်း၊ ဝမ်းတွင်းမြို့နယ်၊ ဘုရားစုရွာနှင့် ဒိုင်ကောင်းကုန်းရွာကြားမှာ စကစ(၈၀)လောက် လိုက်ပါလာတဲ့ စစ်ကားအကြီး နှစ်စီးကို ပဒေသာမိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“သံချပ်ကာသင်တန်းဆင်း စခ (၈၀)ကျော်ပါ ကားကြီးနှစ်စီးအား မနက်ပိုင်းတွင် ပဒေသာမိုင်း ကျွေးမွေး။ လူနာတင်ကား လေးစီး သွားရောက် သုဿန်သို့ လိုက်ပို့ရာ လေးကောင်ဒွန်း၊ (၁၂)ကောင် စာအုပ်ရောင်း။ စကစ ဘက်တော်သားများနှင့် နောက်လိုက်များ မကြာမီ ပြည်သူ့ကျိန်စာကို မိသားစုလိုက် ခံစားရမည်” လို့ WTRF က ဖော်ပြပါတယ်။

မိုင်းဆွဲခံရတဲ့ စစ်အုပ်စုဟာ ကားမောင်းပြေးရင်းနဲ့ ဘုရားစုရွာအနီး ကားလမ်းဘေးမှာ သွားလာနေတဲ့ ပြည်သူတစ်ဦးကို ပစ်သတ်သွားတယ်လို့ ဝမ်းတွင်းအသံ - VOW က ဖော်ပြပါတယ်။ စစ်အုပ်စုက ပစ်သ-တ်လို့ သေဆုံးခဲ့တဲ့ ပြည်သူနှင့် ပတ်သက်ပြီး အသေးစိတ် အချပ်အလက်တွေကိုတော့ မသိရသေးပါဘူး။

စစ်အုပ်စုဟာ သူတို့ တိုက်ခိုက်ခံရချိန် အနီးဝန်းကျင် ရွာတွေက ပြည်သူတွေကို ရန်ပြု သောင်းကျန်း လုယက် အကြမ်းဖက်လေ့ ရှိတာကြောင့် ပြည်သူတွေ သတိထားကြဖို့ အချင်းချင်း သတိပေးနေပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဝမ်းတွင်း #မိုင်း #ဘုရားစုရွာ #ကား #ပြည်သူ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ