စစ်ကိုင်း ကံတလူတိုးဂိတ်အနီး ညအချိန် ကားနဲ့ လှည့်နေတဲ့ စစ်အုပ်စုကို မိုင်းဆွဲ၊

စစ်ကိုင်း ကံတလူတိုးဂိတ်အနီး ညအချိန် ကားနဲ့ လှည့်နေတဲ့ စစ်အုပ်စုကို မိုင်းဆွဲ၊

MFP ၊ အောက်တိုဘာ - ၁၄

စစ်ကိုင်းမြို့နယ်၊ ကံတလူတိုးဂိတ်အနီး၊ စစ်ကိုင်း - မုံရွာလမ်းပေါ်မှာ မနေ့က ညပိုင်း ကားနဲ့လှည့်ပြီး သောင်းကျန်းနေတဲ့ စစ်အုပ်စုကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ အညာသားလေး (SGG) ပြောက်ကျားတပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

"ကံတလူတိုးဂိတ် နှင့် ပဲကတိုးရွာကြား နယ်မြေခံ ပတ်ကင်းကားကို ည (၉) နာရီ (၄၇) မိနစ် အချိန်တွင် ကျွန်တော်တို့ အညာသားလေး (SGG)၊ စစ်ကိုင်းမြို့နယ် (ပကဖ)၊ Fight for Federal၊ Phonix (SGG) ညီနောင်မဟာမိတ်တို့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပါသည်။ ခွေးကားတစ်စီး ညတွင်းချင်း နယ်မြေရှင်းလင်းတယ်လို့လည်း သိရပါတယ်ဗျ" လို့ အညာသားလေး (SGG) က ဖော်ပြပါတယ်။

မိုင်းဆွဲခံရတဲ့ ကားဟာ စစ်ကိုင်း အမှတ် (၁၆) ရဲတပ်ရင်းက ဖြစ်တယ်လို့ စစ်ကိုင်းမြို့နယ် သတင်းမှန် ပြန်ကြားရေးက ဆိုပါတယ်။

စစ်အုပ်စုဟာ စစ်ကိုင်း - မုံရွာ ကားလမ်းမှာ လှည့်ကင်း၊ ပတ်ကင်း အမည်ခံကာ နေ့၊ ညအချိန်မရွေး လှည့်လည်နေပြီး တွေ့သမျှ ခရီးသွားပြည်သူကို ရန်ပြု ဖမ်းဆီး ငွေညှစ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းမြိုကနယ် ကံတလူတိုးဂိတ်မှာ တွေ့ရတဲ့ စကစတွေ (ပုံဟောင်း)/Photo - CJ

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မုံရွာ #စစ်ကား 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ