မြင်းခြံ ဆီမီးခုံမှာ စကစဗိုလ်နှင့် နောက်လိုက် တစ်ယောက် လောင်းကစားဝိုင်းက အပြန် သု-တ်သင်ခံရ၊ နဘူးအိုင်ဘက်မှာလည်း ပျူသုံးယောက် သု-တ်သင်ခံရပြီး တနေ့တည်း စကစနှင့် ပျူ ငါးယောက် ရှင်းလင်းခံရ၊

မြင်းခြံ ဆီမီးခုံမှာ စကစဗိုလ်နှင့် နောက်လိုက် တစ်ယောက် လောင်းကစားဝိုင်းက အပြန် သု-တ်သင်ခံရ၊ နဘူးအိုင်ဘက်မှာလည်း ပျူသုံးယောက် သု-တ်သင်ခံရပြီး တနေ့တည်း စကစနှင့် ပျူ ငါးယောက် ရှင်းလင်းခံရ၊

MFP ၊ စက်တင်ဘာ - ၁၀

မန္တလေးတိုင်း မြင်းခြံမြို့နယ် ဆီမီးခုံမြို့မှာ လောင်းကစားဝိုင်းက ထပြန်လာတဲ့ စကစ ဗိုလ်အဆင့်တစ်ယောက်နှင့် နောက်လိုက်တစ်ယောက် ဒီညနေပိုင်း ပစ်ခတ်ရှင်းလင်းခံရပြီး လမ်းဘေးမှာ သေနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

ဒီနေ့ စက်တင်ဘာ(၁၀)ရက် ညနေ(၅)နာရီက ဆီမီးခုံမြို့ လောင်းကစားဝိုင်းက ပြန်လာတဲ့ ကြည်ရွာက စကစ ဗိုလ်အဆင့် တစ်ယောက်နှင့် နောက်လိုက် တပ်သားတစ်ယောက် လမ်းဘေးမှာ သေနေတာလို့ ဆိုပါတယ်။

“ဆီမီးခုံမြို့ လောင်းကစားဝိုင်းမှ ပြန်လာသော ကြည်ရွာမှ စခဗိုလ် တစ်ကောင် နှင့် နောက်လိုက် စခ တစ်ကောင်၊ စုစုပေါင်း နှစ်ကောင် လမ်းမှာ ပစ်ခတ်ရှင်းလင်းခံရ။ နှစ်ကောင်စလုံး အပစ်ခံရသော နေရာမှာ သေဆုံး” လို့ ဆီမီးခုံ သတင်းက ဖော်ပြပါတယ်။

ဘာကြောင့် ပစ်ခတ်ခံရတယ်ဆိုတာ မသိရသေးဘဲ စစ်အုပ်စုဟာ ဆီမီးခုံ အပါအဝင် မြင်းခြံနယ်ထဲ လက်နက်အားကိုးနှင့် ထင်တိုင်းကျဲ သောင်းကျန်းနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒါ့အပြင် ဒီနေ့ နေ့လယ်(၁၂)နာရီကလည်း မြင်းခြံမြို့နယ် ဆုံရွာက စစ်အုပ်စု လက်ပါးစေ ပျူသုံးယောက် နဘူးအိုင်ရွာဘက်မှာ သု-တ်-သင် ရှင်းလင်းခံလိုက်ရတယ်လို့ ဆီမီးခုံ သတင်းက ဖော်ပြပါတယ်။

“မြင်းခြံမြို့က ပြန်လာသော ဆုံရွာမှ ပျုသုံးကောင် နဘူးအိုင်ရွာ နှင့် ပင်လယ်ရွာ ကြားမှာ ပစ်ခတ်ရှင်းလင်း ခံရ။ အပစ်ခံရပြီး မကြာမီ ဆုံရွာမှ ဆိုင်ကယ် (၁၀)စီး၊ ပျုအကောင် (၂၀)ခန့် ဂျင်ကလိ ၊ ဓား ၊ သေနတ်များဖြင့် အခင်းဖြစ်ပွားရာ နေရာသို့ရောက်ရှိလာ။ အပစ်ခံရသော ပျုများကို ဆီမီးခုံမြို့ ဆေးရုံသို့ နာရေးကားဖြင့် သယ်ဆောင်သွားသည်ဟု သိရ” လို့ ဆီမီးခုံသတင်းက ဖော်ပြပါတယ်။

ဆုံရွာက စစ်ကောင်စီ လက်ပါးစေ ပျူတွေဟာလည်း စစ်အုပ်စုနှင့် ပေါင်းကာ ဒေသတွင်း ထင်တိုင်းကျဲ လုယက် သောင်းကျန်းနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မြင်းခြံမြို့နယ် ဆီမီးခုံနယ်မှာ ဒီနေ့ တစ်နေ့တည်းက ကြည်ရွာက ဗိုလ်အဆင့် အပါအဝင် စကစ နှစ်ယောက်နှင့် ဆုံရွာက ပျူသုံးယောက် သု-တ်-သင်ခံရတာ ဖြစ်ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မြင်းခြံ #ဆီမီးခုံ #ကြည်ရွာ #ဆုံရွ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ