MFP ၊ ဩဂုတ် - ၁၈
စစ်အုပ်စုဟာ ဩဂုတ်လ (၁၇) ရက်မှာလည်း စစ်ကိုင်းတိုင်းထဲက ရွာပေါင်း (၅) ရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ MFP က ပြုစုထားတဲ့စာရင်းတွေအရ သိရပါတယ်။
မနေ့က မီးရှို့ဖျက်ဆီးခံရတဲ့ရွာ (၅) ရွာအနက် တန့်ဆည်မြို့နယ်ထဲရှိ ရွာသုံးရွာက နေအိမ် (၂၂) လုံးလို့ သိရပြီး ဒီပဲယင်းနယ်နဲ့ ကန့်ဘလူနယ်ထဲက ရွာ နှစ်ရွာ ရဲ့ မီးလောင်ဆုံးရှုံးမှုစာရင်းကိုတော့ MFP က ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
စစ်အုပ်စုဟာ ဩဂုတ် (၁၆)ရက်မှာလည်း စစ်ကိုင်းတိုင်းထဲက ရွာငါးရွာကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။
စစ်ကိုင်း-မန္တလေး ဧရာဝတီမြစ်ကူးတံတားပေါ်မှာ အာကာသခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်းနဲ့ လိုက်ပါလာတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်အုပ်စုဟာ ဩဂုတ် (၁၈) ရက် မနက် (၈) နာရီကျော်မှာ ပစ်ခတ်မှုတစ်ခုဖြစ်ခဲ့ပြီး ကားပေါ်ပါလာတဲ့ အရပ်သားပြည်သူ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာ စစ်အုပ်စုဘက်က နှစ်ဦး သေဆုံးခဲ့သလို ပြည်သူ့ကာကွယ်ရေးရဲဘော်နှစ်ဦးလည်း ကျဆုံးခဲ့တာဖြစ်ပါတယ်။
စစ်အုပ်စုဟာ ဩဂုတ် (၁၆)ရက်မှာလည်း စစ်ကိုင်းတိုင်းထဲက ရွာငါးရွာကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။စစ်ကိုင်း-မန္တလေး ဧရာဝတီမြစ်ကူးတံတားပေါ်မှာ အာကာသခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်းနဲ့ လိုက်ပါလာတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်အုပ်စုဟာ ဩဂုတ် (၁၈) ရက် မနက် (၈) နာရီကျော်မှာ ပစ်ခတ်မှုတစ်ခုဖြစ်ခဲ့ပြီး ကားပေါ်ပါလာတဲ့ အရပ်သားပြည်သူ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာ စစ်အုပ်စုဘက်က နှစ်ဦး သေဆုံးခဲ့သလို ပြည်သူ့ကာကွယ်ရေးရဲဘော်နှစ်ဦးလည်း ကျဆုံးခဲ့တာဖြစ်ပါတယ်။စစ်ကိုင်းတိုင်းမှာ ဒီလအတွင်း စစ်အုပ်စု သ-တ်ဖြ-တ်ခဲ့တဲ့ အရပ်သားပြည်သူ (၆၀) ကျော်အထိ ရှိနေခဲ့ပြီ ဖြစ်ပါတယ်။စစ်ကိုင်းတိုင်းအတွင်း စစ်အာဏာသိမ်းပြီးနောက် တစ်နှစ်ခွဲကျော် ကာလအတွင်း မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်ပေါင်း (၁၈,၀၀၀) ကျော် အထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။
MFP အနေနဲ့ စစ်ကိုင်းတိုင်းအတွင်းက ရရှိလာတဲ့ သတင်းအချက်အလက်တွေကို အခြေခံပြုစုထားတာဖြစ်ပြီး မြေပြင်အခြေအနေနဲ့ အနည်းငယ် ကွဲလွဲမှုရှိနိုင်ပါတယ်။
( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မီးရှို့ဖျက်ဆီး #ရွာမီးရှို့