မြိုင်နယ်ထဲ ရွာစဉ်ပတ်မွှေ သောင်းကျန်းနေတဲ့ စစ်အုပ်စုကို တိုက်ခိုက်၊ ခြောက်ယောက် သေပြီး သေနတ်တစ်လက် သိမ်းယူ ရရှိ၊

မြိုင်နယ်ထဲ ရွာစဉ်ပတ်မွှေ သောင်းကျန်းနေတဲ့ စစ်အုပ်စုကို တိုက်ခိုက်၊ ခြောက်ယောက် သေပြီး သေနတ်တစ်လက် သိမ်းယူ ရရှိ၊

MFP ၊ စက်တင်ဘာ - ၁၆

မကွေးတိုင်း မြိုင်မြို့နယ်ထဲ ရွာစဉ်ပတ်မွှေ လုယက် သောင်းကျန်း ဓားပြတိုက်နေတဲ့ စစ်အုပ်စုကို ဒီနေ့လည်ပိုင်း ဒေသကာကွယ်ရေး တပ်တွေက ပြောက်ကျားနည်းနဲ့ တိုက်ခိုက်ခဲ့ရာ စကစနဲ့ပျူ ခြောက်ယောက် သေပြီး သေနတ်တစ်လက် သိမ်းဆည်း ရရှိခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က သတင်း ထုတ်ပြန်ပါတယ်။

ဒီနေ့ စက်တင်ဘာ(၁၆)ရက် နေ့လည်(၁၂)နာရီက မြိုင်မြို့နယ် မိတ္ထီလာ ကျေးရွာဘက် လက်နက်အားကိုးနှင့် ပြည်သူကို အနိုင်ကျင့် လုယက် သောင်းကျန်းနေတဲ့ စစ်အုပ်စုကို မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ တပ်ရင်း (၁) ၊ တပ်ခွဲ (၁) နှင့် ဘာမထီ လက်နက်ကြီး ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ယနေ့ နေ့လည်(၁၂)နာရီခန့်တွင် မိတ္ထီလာ၊ ရွာတန်းရှည် ၊ ဆယ်ပြား ကျေးရွာတို့ကို ဝင်ရောက်၍ ပြည်သူများအား အနိုင်ကျင့်နေသော ဝက်ပုတ် စစ်ခွေး+ပျူစောထီး ရှစ်ဦး ( ဆိုင်ကယ်လေးစီး) ကို အပြန်တွင် အသင့်စောင့်ဆိုင်း တိုက်ခိုက်ခဲ့ရာ စခနှင့်ပခ ခြောက်ကောင် ပွဲချင်းပြီး သေ၍ နှစ်ကောင် အပြင်းအထန် ဒဏ်ရာရသွားခဲ့ပြီး ကာဘိုင်သေနတ် တစ်လက်၊ ကျည်အိမ် တစ်ခု၊ ကာဘိုင်ကျည် (၂၂)တောင့် သိမ်းဆည်းရမိခဲ့သည်။ ပြည်သူ့ကာကွယ်ရေး ရဲဘော်များ တစုံတရာ ထိခိုက်မှုမရှိဘဲ မိမိတို့စုရပ်သို့ ပြည်သူများပို့သသည့် မေတ္တာကြောင့် ဘေးကင်းလုံခြုံစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါသည်” လို့ မြိုင် ပကဖ က ဖော်ပြပါတယ်။

စစ်အုပ်စုက မြိုင်နယ်ထဲ ရွာစဉ်ပတ်မွှေကာ ပြည်သူကို ရန်ပြု သောင်းကျန်း သ-တ်ဖြတ်နေပြီး ဒေသကာကွယ်ရေး တပ်တွေကလည်း စစ်အုပ်စုကို ပြောက်ကျားနည်းနဲ့ ခုခံတိုက်ခိုက်နေတာ ဖြစ်ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မကွေး #မြိုင် #မိတ္ထီလာ #ပကဖ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ