အမရပူရ PDF တပ်ဖွဲ့ဝင်တစ်ဦး ချောင်းဦးနယ် ကားလမ်းပေါ်မှာ စစ်အုပ်စုရဲ့ ဖမ်းဆီး သတ်ဖြတ်ခြင်းခံရ၊

အမရပူရ PDF တပ်ဖွဲ့ဝင်တစ်ဦး ချောင်းဦးနယ် ကားလမ်းပေါ်မှာ စစ်အုပ်စုရဲ့ ဖမ်းဆီး သတ်ဖြတ်ခြင်းခံရ၊

MFP ၊ နိုဝင်ဘာ - ၂

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ စစ်ကိုင်း - မုံရွာလမ်းပေါ်မှာ မနေ့က ညနေပိုင်း အမရပူရ AMA - PDF တပ်ဖွဲ့ဝင် ရဲဘော်တစ်ဦး စစ်အုပ်စုရဲ့ ဖမ်းဆီး သတ်ဖြတ်ခြင်း ခံရကာ ကျဆုံးခဲ့တယ်လို့ Amarapura People Defense Force က သတင်း ထုတ်ပြန်ပါတယ်။

"အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်ရာတွင် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့စဉ်မှ စ၍ လက်နက်ကိုင် တော်လှန်ရေးအထိ မိမအသက်ကို မဓာနမထားဘဲ အသက်စွန့်ပြီး စိတ်အားထက်သန်စွာ ပါဝင်ခဲ့သော ရဲဘော်တိုးကြီး (ခ) တိုးမိုးအောင်သည် ၂၀၂၂ နိုဝင်ဘာ(၁)ရက်တွင် ချောင်းဦး - မြင်းမူ လမ်းပိုင်းတနေရာ၌ စစ်ခွေးများ၏ ရက်စက်ယုတ်မာစွာ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်း ခံခဲ့ရပါသည်" လို့ အမရပူရ AMA - PDF က ဆိုပါတယ်။

ကျဆုံးသူ ရဲဘော်တိုးကြီးဟာ ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး တိုက်ပွဲတွေမှာ ရွပ်ရွပ်ချွံချွံ ပါဝင်တိုက်ခိုက်နေသူ ဖြစ်တယ်လို့ ဆိုပါတယ်။

"ရဲဘော် တိုးကြီး (ခ) တိုးမိုးအောင်အား အလေးနီပြုပါသည်။ တော်လှန်ရေးအတွက် စတေးခဲ့ရသော ပြည်သူ့ရဲဘော်များ၏ အသက်ကို တန်ဘိုးထားသော အားဖြင့် တော်လှန်ရေးကို အပြီးတိုင် လျှောက်လှမ်းသွားမည်ဟုလည်း ကတိသစ္စာကြုအပ်ပါသည်" လို့ အမရပူရ AMA - PDF က ဖော်ပြပါတယ်။

စစ်အုပ်စုဟာ စစ်ကိုင်း - မန္တလေး လမ်းတလျှောက် ပြည်သူကို ဖမ်းဆီးငွေညှစ်နေပြီး စိတ်ထင်တိုင်း ပစ်ခတ်သတ်ဖြတ်နေတာ ဖြစ်ပါတယ်။

ရဲဘော်တိုးကြီး ကျဆုံးခဲ့တဲ့ ဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်အုပ်စုဘက်က သတင်းဖြန့်ရာမှာတော့ နိုဝင်ဘာ(၁)ရက် နေ့လည်(၁)နာရီက စစ်ကိုင်း - မုံရွာလမ်းပေါ် လှည့်လည်နေတဲ့ စစ်အုပ်စုတွေ ချောင်းဦးမြိုနယ်၊ နတ်ရေကန်ကျေးရွာအနီး တွေ့ရှိတဲ့ အမျိုးသားတစ်ဦးကို ဆိုင်ကယ်ရပ်ခိုင်းရာ မရပ်တဲ့အတွက် ပစ်သတ်လိုက်တာလို့ ဆိုပါတယ်။ ဒါ့အပြင် သေဆုံးသူဆီကနေ လက်လုပ်မိုင်း၊ ျကည်ဆံနဲ့ ဖုန်းတစ်လုံး ရရှိတယ်လိုပလည်း စစ်အုပ်စုက ဆိုပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အညာ #ချောင်းဦး #အမရပူရ #AMAPDF #ရဲဘော်တိုးကြီး

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ