"ဖားကန့်-အနန့်ပါ အတွက် ဝမ်းနည်းမှုကို တော်လှန်ရေး ခွန်အားအဖြစ် အရှိန်မြှင့်ကြ" ၅/အရာတော် သပိတ်၊

"ဖားကန့်-အနန့်ပါ အတွက် ဝမ်းနည်းမှုကို တော်လှန်ရေး ခွန်အားအဖြစ် အရှိန်မြှင့်ကြ" ၅/အရာတော် သပိတ်၊

MFP ၊ အောက်တိုဘာ - ၂၇

Photo - Rebels Of Middle

"ဖားကန့်အနန့်ပါ အတွက် ဝမ်းနည်းမှုကို တော်လှန်ရေး ခွန်အားအဖြစ် အရှိန်မြှင့်ကြ" ဆိုတဲ့ ဘန်နာစာတန်းနှင့်အတူ အရာတော်မြို့ နယ်လူထုသပိတ်ဦးဆောင်ကော်မတီက ဦးဆောင်ပြီး အရာတော် - မုံရွာ လမ်းပိုင်းတစ်နေရာမှာ ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး ဒီမနက်ပိုင်း ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

"လွန်ခဲ့တဲ့ ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြိုနယ် အနန့်ပါဒေသ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ( ၈၀ ) ကျော် အသက်ဆုံးရှုံးခဲ့ရပြီး လူဦးရေရာနှင့်ချီပြီး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ မြန်မာ့သမိုင်းတလျှောက် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အရပ်သားသေဆုံးမှု အများဆုံးသော ဖြစ်ရပ်ဆိုးကြီးတစ်ခု ဖြစ်လာပါတယ်။ ကချင်မြေကို ထိတာ၊ ကချင်လူထုကို ဦးတည်တိုက်ခိုက်တာဟာ ကျွန်မတို့ အားလုံးကို ဦးတည်တာပဲ။ ဒါကြောင့် ကျွန်မတို့ရဲ့ သွေးစည်းညီညွတ်မှုကို ပြသကြမယ်။ ၊ ကချင်လူထုနှင့်အတူ ရပ်တည်တော်လှန်ကြောင်း ပြသကြမယ်၊ ဒါကြောင့် လာမယ့် ၂၈ ရက်နေ့ (သောကြောနေ့ ) ည ရှစ်နာရီခွဲကနေ ရှစ်နာရီလေးဆယ်မိနစ်အထိ (၁၀)မိနစ် တိတိ မီးတွေပိတ် အသံတွေတိတ်ကာ အကျယ်လောင်ဆုံးသော ဟစ်ကြွေးသံတွေနဲ့ တော်လှန်ရေးကို ဘယ်လိုအကြမ်းဖက်မှုမျိုးကမှ မတားဆီးနိုင်ဘူးဆိုတာကို အာဏာရှင်တွေကို တုံ့ပြန်ပြသကြမယ်။ တနိုင်ငံလုံး အမှောင်တိဖုံးကြမယ် ၊ ကျဆုံးခဲ့ရသော ရဲဘော်၊ပြည်သူများအတွက် ဆုတောင်း မှုများ ပြုလုပ်ကြပါမယ်။ ၂၈ ရက် ၊ ည ရှစ်နာရီခွဲ ၊ မီးအားလုံးကို ပိတ်" ဆိုပြီး အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင် ကော်မတီက ဖော်ပြပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အရာတော် #လူထုသပိတ် #PeopleStrike

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ